Healthy Life Ad
International

၁၅နှစ်ကြာပြီးမှ ရှားပါးသည့် ကင်ဆာတစ်မျိုး ရှိနေကြောင်း သိရှိခဲ့သူ

၊ မိုးမင်းထွန်း ၊
ဗြိတိန်နိုင်ငံမှ ဂျိုးဂရင်းဆိုတဲ့ အမျိုးသမီးဟာ ၁၅နှစ်ကြာကြာ ပူစပ်ပူလောင်ဖြစ်တာ၊ ကြွက်တက်တာနဲ့ ဝမ်းလျှောတာ စတဲ့ဝေဒနာတွေကို ခံစားခဲ့ရ ပါတယ်။ ၁၉နှစ်အရွယ်မှာ စတင်ခံစားခဲ့ရတာဖြစ်လို့ ဆရာဝန်တွေက သူ့မှာအူမကြီးရောဂါ ခံစားနေရတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ၁၅နှစ်ကြာ ပြီး ၃၄နှစ်အရွယ်မှာ ဝမ်းဗိုက် မခံမရပ်နိုင်လောက်အောင ်နာကျင်လာတာကြောင့် ဆေးရုံတက်ခဲ့ရပါ တယ်။ အဲဒီအခါ သွေးစစ်ဆေးမှု၊ အသားစစစ်ဆေးမှုနဲ့ အစာအိမ်မှန်ပြောင်းကြည့်စစ်ဆေးမှု တို့ကိုပြုလုပ်ခဲ့ရပါတယ်။

စစ်ဆေးမှုရလဒ်အရ သူ့မှာ နှေးကွေးစွာ ကြီးထွားလေ့ရှိသော ရှားပါးတဲ့ ကင်ဆာတစ်မျိုး ရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။ ကင်ဆာဟာ ခန္ဓာကိုယ်တစ်လျှောက်လုံးရှိ နာဗ့်ကြောဆဲလ်တွေအတွင်း အကျိတ်တွေကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ဂရင်းရဲ့ အူမကြီး၊ ဆီးအိတ်နှင့် သားဖွားလမ်းကြောင်းမှာ စုပြုံပေါက်ရောက်နေတဲ့ အကျိတ်တွေကို ထိုနှစ် ၂၀၁၁မှာ ဆရာဝန်တွေက ခွဲစိတ်ဖယ် ရှားပေးခဲ့ပါတယ်။ သူရဲ့အူမကြီးမှ တစ်မီတာရှည်တဲ့ အပိုင်းတစ်ပိုင်းကိုလည်း ကြွက်တက်တာနဲ့ ဝမ်းလျှောတာတို့မဖြစ်ပေါ်အောင် ဖယ်ရှားခဲ့ရပါသေးတယ်။ ခွဲစိတ်မှုက ကင်ဆာရောဂါရဲ့ အစိတ်အပိုင်းကိုသာ ဖယ်ရှားပေးတာဖြစ်ပါတယ်။ ဂရင်းရဲ့အကျိတ်တွေပြန်လညြ် ဖစ်ပေါ်မှာ ဖြစ်ကြောင်းနဲ့ ကုသလို့ရနိုင်တ ဲ့ရောဂါအမျိုးအစားမဟုတ်ကြောင်း ဆရာဝန်တွေက ဆိုခဲ့ပါတယ်။

အခုအခါ ၃၈နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂရင်းက ကျန်းမာကြံ့ခိုင်စွာနဲ့ သွက်လက်ဖျက်လတ်စွာ နေထိုင်တာက ကင်ဆာရောဂါဝေဒနာကို ရင်ဆိုင်ရာမှာအထောက်အကူ ဖြစ်စေတယ်လို့ဆိုပါ တယ်။နှစ်ပေါင်းများစွာ အားကစားလိုက်စားခဲ့တဲ့ ဂရင်းဟာ အားကစားရုံကို သွားရောက်အားကစားလုပ်တာ၊ ယောဂကျင့်တာနဲ့ ပြေးတာတို့ကို ပုံမှန်ပြုလုပ်လေ့ရှိသူပါ။ အသင့်စားအစားအသောက်တွေနဲ့ အရက်ကိုလည်း ရှောင်ကြဉ်ပါတယ်။ ဒီလို ကျန်းမာရေးလိုက်စားတာကြောင့်လည်း ကင်ဆာရောဂါကို နောက်ကျမှ သိရှိခဲ့ရတာဖြစ်နိုင်တယ်လို့လည်း ဂရင်းက သုံးသပ်ပြပါတယ်။

“ကျွန်မရဲ့ ကျန်းမာရေးကောင်းတဲ့ပုံစံန ဲ့ခံစားနေရတဲ့ရောဂါလက္ခဏာတွေအကြောင်း ဆရာဝန်တွေကိုပြောပြတဲ့အခါတိုင်း ဘယ်သူကမှ ကင်ဆာရှိနေတယ်လို့ သံသယမဝင်ခဲ့ပါဘူး”လို့ ဂရင်းက ဆိုပါတယ်။ဂရင်းဟာ ကင်ဆာဝေဒနာရှင်တွေအတွက် အလှူငွေရှာဖွေပေးခြင်း၊ ရန်ပုံငွေအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ဆင်နွှဲခြင်း၊ ကင်ဆာသုတေသနအဖွဲ့တွေအတွက် အလှူခံပေးခြင်းတွေကို   ပြုလုပ်ပေးနေတယ်လို့သိရပါတယ်။
( Ref;DM )

Most Popular

Healthy Life Ad
To Top