Healthy Life Ad
Q & A

Occipital ဆိုတာ ဘာလဲ . . .

ဒေါက်တာမြတ်ထွဋ်ညွှန့်

မေး ကျွန်မသားလေးက အသက် ၂ နှစ်ပါ။ သားလေးရဲ့ခေါင်းနောက်စေ့ဘေး ညာဘက်မှာ အကျိတ်ဖု သေးသေးနှစ်ဖု၊ ဘယ်မှာနှစ်ဖု ရှိပါတယ်။ Googleမှာ ပုံရှာပြီး ပြလိုက်ပါတယ်။ ပုံမှာပါတဲ့ အနောက်မှာ ပြထားတဲ့ Occipital လို့ ပြထားတဲ့ အဖုလေးနှစ်ဖုအတိုင်း အဲဒီနေရာမှာ ဖြစ်နေတာပါ။ ကျွန်မသိချင်တာ Occipital ဆိုတာ ဘာပါလဲ။ အဲ့ဒါ Normal gland လား။
Apple

ဖြေ Occipital ဆိုတာက ခန္ဓာဗေဒ အခေါ်အဝေါ်ပါ။
နောက်စေ့ကို ပြောတာပါ။ ရောဂါနာမည်၊ gland နာမည်မဟုတ်ပါ။ ကလေးမှာဖြစ်တဲ့ အဖုက မတွေ့မမြင် မစမ်းသပ်ဘဲ ဘာဖြစ်တာလဲလို့ မပြောနိုင်ပါဘူး။ သာမန်အဆီကျိတ်တွေ ဖြစ်နိုင်သလိုရောဂါပိုးဝင်တာလည်း ဖြစ်နိုင်ပါတယ်။ နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top