Healthy Life Ad
International

လူသားကျောက်ရုပ်မဖြစ်မီ ကလေးလိုချင်သူ

၊ မိုးမင်းထွန်း ၊

ကြွက်သားမှ အရိုးကို ပြောင်းလဲစေသော မျိုးဗီဇဆိုင်ရာ ရောဂါဆန်းတစ်မျိုးကို ခံစားနေရသော အမျိုးသမီးတစ်ယောက်သည် ရောဂါဆိုးဝါးပြီး လူသား ကျောက်ရုပ်မဖြစ်ခင် ကလေးရရှိရန် အပြင်းအထန် ကြိုးစားနေကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း၌ လူနှစ်သန်းတွင် တစ်ယောက်သာ ဖြစ်ပေါ်လေ့ရှိသော ရောဂါဆန်းကို ရရှိနေသည့် ၃၁ နှစ်အရွယ် ရေချယ်ဝင်းနာ့က်ခ်သည် ရောဂါကြောင့် ဒုတိယမြောက် အရိုးတစ်ခုက ခန္ဓာကိုယ်ထဲတွင် ကြီးထွားလာနေသည်။ သူက ၂၀ဝ၈ ခုနှစ်၌ ခင်ပွန်းပေါလ်နှင့် တွေ့ဆုံခဲ့ပြီး ၆ လအကြာတွင် လက်ထပ်ခဲ့ကြသည်။
“ကျွန်မဟာ အချိန်တိုင်း ကလေးတစ်ယောက် လိုချင်နေခဲ့တာပါ။ ဆရာဝန်တွေက ကလေးမယူဖို့ ပြောကြပေမယ့် လူတွေက ကျွန်မကို ဘာလုပ်ပါလို့ ပြောတာမျိုးကို လက်မခံပါဘူး”ဟု ရေချယ်က ပြောသည်။
ကိုယ်ဝန်ဆောင်ခြင်းက သူ့အတွက် အန္တရာယ်ရှိပြီး အသေးငယ်ဆုံး ထိခိုက်မှုကလေးကတောင် သူ၏ရောဂါကို ကြွစေနိုင်ကြောင်း ဆရာဝန်များက ဆိုသည်။ ထို့ပြင် မိခင်မှ ကလေးသို့ ရောဂါကူးစက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ရေချယ်သည် ၂၀ဝ၉ ခုနှစ်တွင် ကိုယ်ဝန်ဆောင်ခဲ့ဖူးပြီး ပျက်ကျသွားခဲ့ရာ ထိုအတွေ့အကြုံကြောင့် အလွန်အမင်း စိတ်ဆင်းရဲခဲ့ရကြောင်း ပြောသည်။ သို့ရာတွင် ကလေးလိုချင်စိတ်က ပိုမို ပြင်းထန်လာကြောင်း သူကဆိုသည်။ သူတို့စုံတွဲက အငှားကိုယ်ဝန် ဆောင်ရန်ကိုလည်း ဆွေးနွေးနေကြပြီး ထိုနည်းက အန္တရာယ်နည်းပြီး ကလေးဆီသို့ သူ့၏ ရောဂါဗီဇ မရောက်ရှိစေရန် ပြုလုပ်နိုင်မည် ဟုလည်း မျှော်လင့်နေကြသည်။ ရေချယ်ကတော့ သဘာဝအတိုင်း ကလေးရရှိလျှင်လည်း ယူရန် စိတ်ပိုင်းဖြတ်ထားပြီး သူ့အသက်အန္တရာယ်ကို ဂရုစိုက်မည် မဟုတ်ဟု ခေါင်းမာစွာ ဆိုသည်။
(Ref;DM)

Most Popular

Healthy Life Ad
To Top