Healthy Life Ad
Q & A

သားဥအိမ်မှာ အရည်အိတ်ဖြစ်တဲ့ ရောဂါရှိရင် ကလေးယူလို့ရနိုင်သလား

မေး သားဥအိမ်မှာအရည်အိတ်ဖြစ်တဲ့ရောဂါ (PCOS) ဖြစ်နေရင် ကလေးယူလို့ ရနိုင်ပါသလား ဆရာ။
Thazinhlaing

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားပေးပါသည်။

ဖြေ PCOSဆိုတဲ့ Polycystic Ovary Syndrome ဆိုတာ သားဥအိမ်မှာ အရည်ကြည်အိတ် သေးသေးလေးတွေရှိနေတဲ့ အခြေအနေကို ဆိုလိုပါတယ်။ အဲဒီလို ရောဂါစုရှိနေရင် ကလေးရဖို့ ခက်ခဲတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားဥလေးက ကြီးလာပြီး မှန်မှန် မကြွေနိုင်လို့ပါပဲ။ သားဥလေးတစ်လုံးက ပုံမှန်အားဖြင့် တစ်လမှာ တစ်လုံးကြွေရမှာ ဖြစ်ပါတယ်။ မကြွေဘဲ အရည်အိတ်သေးသေးလေးတွေ ဖြစ်တာ၊ ဖြစ်ရတဲ့အကြောင်းရင်းက မဟော်မုန်းတွေ မမှန်ရာကနေ သားဥတွေ မှန်မှန်မကြွေဘဲ ရာသီမှန်မှန် မလာတော့ပါဘူး။ အဲဒီတော့ ကလေးရဖို့ ခက်ခဲတတ်ပါတယ်။ ကလေးရလာခဲ့ရင်လည်း မမြဲဘဲ ပျက်ကျတာမျိုး ဖြစ်တတ်ပါတယ်။

ကလေးယူလို့ ရလားဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ ကလေးယူတဲ့အခါ အခက်အခဲလေးတွေတော့ ရှိတတ်ပါတယ်။ ကလေးလိုချင်တယ်ဆိုရင် သားဥလေးတွေ ကြွေအောင် ဟော်မုန်းတွေ မှန်ကန်စေဖို့ လုပ်ဆောင်ရပါမယ်။ များသောအားဖြင့် PCOS ရောဂါစုရှိတဲ့သူတွေက ဝတတ်ပါတယ်။ ဝတဲ့ကိစ္စက ပြဿ နာဖြစ်နေတဲ့အတွက် အစားအသောက်၊ အနေအထိုင်၊ လေ့ကျင့်ခန်းလို့ခေါ်တဲ့ LifeStyle ကို ပြုပြင်ပြီး ပိန်အောင်လုပ်ရပါမယ်။ ဒါမှ ဟော်မုန်းတွေ မှန်ကန်ပြီး သားဥမှန်မှန် ကြွေလာနိုင်မှာပါ။

Most Popular

Healthy Life Ad
To Top