Healthy Life Ad
Life Style

လိင်အသားပေး ဇာတ်လမ်းများကြည့်ခြင်းနှင့် ဦးနှောက်ကျန်းမာရေး

မိုးမင်းထွန်း

အပြာကားလို့လူသိများကြတဲ့ လိင်အသားပေးဇာတ်လမ်း(Porn)တွေက အိမ်ထောင်သည်တွေ ကြည့်တဲ့အခါ လိင်ပိုင်းဆိုင်ရာ နိုးကြွလာစေတယ်လို့ဆိုပြီး အိမ်ထောင်ရေးမှာပိုမိုသာယာတယ်လို့ လေ့လာမှု မှတ်တမ်းအချို့က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီလိုအပြာကားတွေ ကြည့်ရှုတာကြောင့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အပြာကားတွေကြည့်တာကြောင့် စိတ်ခံစားမှုတိုးစေတဲ့ ဟော်မုန်းတွေ ထွက်ရှိတာကစပြီး ဆေးစွဲသလို စွဲလမ်းမှုပြဿနာဖြစ်တာက ဦးနှောက်အပေါ်မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

-လိင်အသားပေးဇာတ်လမ်းကို ပိုကြည့်လေလေ၊ ဒိုပါမင်းလိုအပ်ချက် ပိုများလေ
လိင်ဆက်ဆံတာနဲ့ အပြာကားတွေကြည့်ရှုတာကြောင့် ဦးနှောက်ထဲမှာ နျူရိုထရန်စမစ်တာ တစ်မျိုးဖြစ်တဲ့ ဒိုပါမင်းထွက်ရှိလာစေပါတယ်။ အဲဒီအခါ စိတ်ကြည်နူးသလို ခံစားရစေပေမယ့် အပြာကားတွေကို မကြာခဏ ကြည့်တာကြောင့် ဒိုပါမင်းမြင့်တက်ကာ ဦးနှောက်ဟာ ဒိုပါမင်းကြောင့်ရတဲ့ အာနိသင်ကို မသိရှိတော့တာမျိုး ဖြစ်လာပါတော့တယ်။

၂၀၁၄ဂျာမားစိတ်ပညာကပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အပြာကားတွေကို ပုံမှန်ကြည့်ရှုတာကြောင့် လိင်ပိုင်းဆိုင်ရာလှုံ့ဆော်တဲ့ တုံ့ပြန်မှု လျော့ကျသွားတယ်လို့သိရပါတယ်။ တခြား စိတ်ပညာလေ့လာမှုတစ်ခု အရဆိုရင် အပြာကားအကြည့်များသူ အမျိုးသားတွေက တကယ့်လက်တွေ့မှာ စိတ်လှုပ်ရှားတက်ကြွမှု လျော့နည်းတယ်လို့သိရပါတယ်။

-လိင်အသားပေးဇာတ်လမ်းကြည့်ခြင်းကြောင့် ဦးနှောက်ကျုံ့စေနိုင်
လိင်အသားပေးဇာတ်လမ်းတွေကို ကြည့်လေ့ရှိတဲ့ အမျိုးသားတွေရဲ့ဦးနှောက်က ကျုံ့ကောင်းကျုံ့နိုင်တယ်လို့ ဂျာမန်လေ့လာသူတွေက ဆိုပါတယ်။ အထူးသဖြင့် စေ့ဆော်မှုနဲ့အောင်မြင်တဲ့အခါ ကျေနပ်မှုတို့နဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်း(Striatum Area)ဟာ အရွယ်အစားအားဖြင့် ကျုံ့သွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုဟာ အပြာကားအကြည့်များတာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအကြားဖြစ်နိုင်တဲ့ ဆက်စပ်မှုကို ပထမဆုံး လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

-လိင်အသားပေးဇာတ်လမ်း စွဲလန်းမှုက မူးယစ်ဆေးစွဲခြင်းကဲ့သို့ ခံစားစေနိုင်
အပြာကား အကြည့်များသူတွေရဲ့ဦးနှောက်ကို စကင်ဖတ် စစ်ဆေးကြည့်ခဲ့တဲ့အခါ မူးယစ်ဆေးစွဲသူတွေနဲ့ အလားသဏ္ဍာန်တူတယ်လို့ ကိန်းဘရစ်ချ်တက္ကသိုလ် လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ အွန်လိုင်းကနေ အပြာကားတွေကို စွဲစွဲလမ်းလမ်း ကြည့်ရှုလေ့ရှိတဲ့ လူငယ်တွေက မူးယစ်ဆေးစွဲသလိုစွဲလမ်းတဲ့ စိတ်ဝေဒနာလက္ခဏာတွေ ခံစားနေရတယ်လို့ လေ့လာသူတွေကဆိုပါတယ်။
(Ref; DM)

Most Popular

Healthy Life Ad
To Top