———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မကြာခဏ ခံစားနေရရင် အောက်ပါအစားအသောက်တွေကို စားသောက်ပြီး ခေါင်းကိုက်ဝေဒနာ လျော့ပါးအောင် လုပ်ဆောင်နိုင်ပါတယ်။
သဘာဝဆေး (၁) ထောပတ်သီး
ထောပတ်သီးမှာ လူတင်နဲ့ ဇီဇန်သင်းဓာတ်လို အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ထောပတ်သီးစားတာက အပြင်းအထန်ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။
သဘာဝဆေး (၂) ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင်ဘီ-၂တို့ ပါဝင်မှုများတာကြောင့် မကြာခဏ ခေါင်းကိုက်ဝေဒနာဖြစ်စေတဲ့ သွေးခဲဖြစ်စဉ်ကို ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါးစားတာက ရောင်ရမ်းမှုကို လျော့ကျစေပြီး ခေါင်းတစ်ခြမ်းကိုက်ရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။
သဘာဝဆေး (၃) ဖရဲသီးနှင့် မုန်လာဥနီ
ဖရဲသီး၊ မုန်လာဥနီ၊ သခွားသီးနဲ့ တရုတ်နံနံတို့စားတာက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ရောက်ရှိစေပါတယ်။ ရေဓာတ်ခမ်းခြောက်တာက ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တာကြောင့် ဖရဲသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်တို့ကိုလည်း သောက်သုံးနိုင်ပါတယ်။
သဘာဝဆေး (၄) သဖန်းသီး
သဖန်းသီးစားတာကလည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ သဖန်းသီးမှာ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး ခေါင်းကိုက်တာကို လျော့ပါးစေတာပါ။
သဘာဝဆေး (၅) ကိုက်လန်
ကိုက်လန်စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုက်လန်မှာ ရိုင်ဘိုဖလေဘင်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါကို သက်သာစေတာပါ။
သဘာဝဆေး (၆) ဒိန်ချဉ်
ဒိန်ချဉ်မှာ ဗီတာမင်ဘီ ပါဝင်မှုများတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် တွန်းလှန်ပေးနိုင်ပါတယ်။
သဘာဝဆေး (၇) သံပရာရည်
သံပရာရည်မှာ ဗီတာမင်စီပါဝင်မှုများတဲ့အတွက် ခေါင်းတစ်ခြမ်းကိုက်ရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။ ခေါင်းထိုးကိုက်တဲ့အခါ ရေတစ်ဖန်ခွက်ထဲမှာ သံပရာရည်၊ ဆားအနည်းငယ်ထည့်မွှေပြီး မျိုချလိုက်ပါ။ ဒါက ရောင်ရမ်းမှုလျော့ကျစေပြီး ဝေဒနာသက်သာစေပါတယ်။