—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြာပေးပါသည်။ ၊—
Q. ညညဆို အိပ်လို့မပျော် ဖြစ်နေပါတယ်။ အိပ်စက်မှုကို သက်ရောက်မှုရှိတဲ့ အချက်အလက်တွေရှိရင် ပြောပြပေးပါ ခင်ဗျာ။
လင်းလင်း၊ သီတာလမ်း၊ ကျောက်မြောင်း။
A. အိပ်စက်မှုကို သက်ရောက်မှုရှိစေတဲ့ အချက်တွေကတော့-
အလင်းရောင်
အလင်းရောင်ထိတွေ့မှုကြောင့် အိပ်မောကျနိုင်စွမ်းကို လျော့ကျစေပါတယ်။
ဆူညံသံ
ကားသံ၊ တီဗီအသံ၊ တေးသီချင်းအသံ၊ ဖုန်းသံနဲ့ ကွန်ပျူတာအသံတွေက အိပ်ရေးပျက်စေပါတယ်။
အခြားသူနှင့်အတူ အိပ်စက်ခြင်း
အိပ်ရာကို တခြားသူနဲ့အတူ မျှသုံးရတာကြောင့် အိပ်ရေးပျက်တတ်ပါတယ်။
အခန်းအပူချိန်
ပူလွန်း၊ အေးလွန်းတာကြောင့် အိပ်စက်မှုကို အဟန့်အတားဖြစ်စေပါတယ်။