Healthy Life Ad
Health Tips

ခံတွင်းကင်ဆာကို ကာကွယ်နိုင်ရန် နေ့စဉ်လိုက်နာသင့်သည့် နည်းလမ်းကောင်း ၁၀

—–၊ မီမိုးမေ(ဆေးဝါးတက္ကသိုလ်) ၊—–

ခံတွင်းကင်ဆာဟာ အဖြစ်များလာသလို နေ့စဉ် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်နှုန်းပိုများစေတဲ့အတွက် ခံတွင်းကင်ဆာကို ကာကွယ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) ဆေးရွက်ကြီးဝါးစားတာကို ရှောင်ပါ။

(၂) ဆေးလိပ်မသောက်ပါနဲ့။ စီးကရက်၊ ဆေးပေါလိပ် အစရှိတဲ့ ဆေးလိပ်တွေကို သောက်တာဟာ ခံတွင်းကင်ဆာ ဖြစ်စေနိုင်တဲ့ အချက်တွေပါ။

(၃) ကွမ်းမစားပါနဲ့။ ကွမ်းစားတာကလည်း ခံတွင်းကင်ဆာဖြစ်အောင် လှုံ့ဆော်နေပါတယ်။

(၄) အရက်ရှောင်ပါ။ အရက်ကို ဆေးလိပ်နဲ့တွဲသောက်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေက ပိုများသွားပါတယ်။

(၅) နေ့စဉ် သွားမှန်မှန်တိုက်ပြီး သွားကြားထိုးကြိုးသုံးကာ သန့်စင်တာကြောင့် ခံတွင်းသန့်ရှင်းစေပြီး ခံတွင်းကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်။

(၆) ခံတွင်းကို ပုံမှန်စစ်ဆေးပါ။ ခံတွင်းထဲမှာ မကျက်တဲ့အနာရှိသလား၊ သွေးထွက်နေသလား၊ ပုံမှန်မဟုတ်တဲ့ အကွက်တွေ၊ ရောင်ရမ်းမှုတွေ ရှိနေသလားဆိုတာ စစ်ဆေးပါ။ ဒီလက္ခဏာတွေတွေ့ရင် အချိန်မဆိုင်းဘဲ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၇) သွားနဲ့ခံတွင်းကို ပုံမှန်စစ်ဆေးမှု ခံယူပါ။ သွားတွေက ချွန်ထွက်နေတာ၊ လျှာကိုရှနေတာတွေရှိရင် သွားဆရာဝန်က ပြုပြင်ပေးမှာ ဖြစ်ပါတယ်။

(၈) နေပြင်းပြင်းပူတာကြောင့် အောက်နှုတ်ခမ်းမှာ ကင်ဆာဖြစ်နိုင်ခြေ များတတ်ပါတယ်။ ဒါကြောင့် နေပူထဲ မဖြစ်မနေသွားရရင် နေကာနိုင်တဲ့ နှုတ်ခမ်းဆိုးဆီ လိမ်းသွားပါ။

(၉) ခံတွင်းထဲမှာ အနာ၊ သွေးထွက်တာနဲ့ နာကျင်မှုတို့ဖြစ်ပေါ်လာရင် လျစ်လျူရှုမထားပါနဲ့။

(၁၀) သင့်တော်တဲ့ အစားအသောက်ကို စားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အခွံမာတဲ့ အစေ့အဆန်တွေပါတဲ့ အစာကိုစားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာကြောင့် ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top