၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)
အရေပြားထဲစိုက်ဝင်နေတဲ့ ပြင်ပပစ္စည်း အပြင်ကိုထွက်သွားစေဖို့ အောက်ပါ ရှေးဦးကုထုံးကိုသုံးပါ။
– လက်ကို ဆေးပါ။ ပြီးရင် ဖြစ်တဲ့အရေပြားနေရာတစ်ဝိုက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးပါ။
– အရေပြားထဲဝင်နေတဲ့ သစ်သားစ၊ ဖန်စ၊ ဖိုင်ဘာဖန်ခွက်အစနဲ့ တခြားပြင်ပပစ္စည်းတွေကို ဖယ်ထုတ်ဖို့ ဇာဂနာကိုအသုံးပြုပါ။ ပြင်ပပစ္စည်းကို သေချာမြင်နိုင်အောင် (မှန်ဘီလူးရှိရင်) မှန်ဘီလူးနဲ့ကြည့်ပါ။
– ပြင်ပပစ္စည်းထွက်သွားပြီဆိုရင် အဲဒီအရေပြားနေရာမှ ပိုးမွှားတွေထွက်သွားအောင် သွေးထွက်လာတဲ့အထိ ညှစ်ပေးပါ။
– အရေပြားနေရာကို ထပ်မံဆေးကြော သန့်စင်ပေးပြီး ခြောက်သွေ့အောင်လုပ်ပါ။ ပြီးရင် ပဋိဇီဝပိုး သတ်ဆေးလိမ်းဆေးကို လိမ်းသင့်ပါတယ်။
အရေပြားထဲမှာ ပြင်ပပစ္စည်းက လုံးဝမြုပ်ဝင်နေတယ်ဆိုရင် အောက်ပါရှေးဦးကုထုံးတွေကို အသုံးပြုပါ။
– လက်ကိုဆေးပါ။ ပြီးရင် ဖြစ်တဲ့အရေပြားနေရာတစ်ဝိုက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးပါ။
– အပ်ကို သန့်ရှင်းစင်ကြယ်အောင် ပိုးသတ်ပြီး အရက်ပျံနဲ့ သုတ်လိမ်းပါ။ အရက်ပြန် အဆင်သင့်မရှိရင် ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်အောင်ဆေးပါ။
– အရေပြားထဲ မြုပ်ဝင်နေတဲ့ ပြင်ပပစ္စည်းထွက်အောင် အပ်ကိုသုံးပြီး အရေပြားကို အနည်းငယ်ဟလိုက်ပါ။ ပြီးရင် ပြင်ပပစ္စည်းထွက်သွားအောင် ပြင်ပပစ္စည်းကို ညင်ညင်သာသာ ဆွဲထုတ်လိုက်ပါ။ (ပြင်ပပစ္စည်းကို သေချာမြင်နိုင်အောင် (မှန်ဘီလူးရှိရင်) မှန်ဘီလူးနဲ့ကြည့်ပါ။)
– ဇာဂနာကိုသုံးပြီး ပြင်ပပစ္စည်းကို ဆွဲထုတ်ပါ။
– ပြင်ပပစ္စည်းထွက်သွားပြီဆိုရင် အဲဒီအရေပြားနေရာမှ ပိုးမွှားတွေထွက်သွားအောင် သွေးထွက်လာတဲ့အထိ ညှစ်ပေးပါ။
– အရေပြားနေရာကို ထပ်မံဆေးကြောသန့်စင်ပေးပြီး ခြောက်သွေ့အောင်လုပ်ပါ။ ပြီးရင် ပဋိဇီဝပိုးသတ်ဆေးလိမ်းဆေးကို လိမ်းသင့်ပါတယ်။
ဆရာဝန်နှင့်ပြသင့်သည့် အခြေအနေ
– ပြင်ပပစ္စည်းက အလွယ်တကူ မထွက်နိုင်ဘူးဆိုရင်၊
– ပြင်ပပစ္စည်းဝင်တဲ့နေရာက မျက်စိနဲ့ နီးကပ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)