၁၉၉၂ ခုနစ်မှာ သေဆုံးဖို့ပြင်ဆင်ခဲ့ပေမယ့် ၂၄နှစ်ကျော်လွန်တဲ့အထိ အသက်ရှင်နေဆဲဖြစ်တယ်လို့ အသက် ၁၄၆နှစ်ပြည့်မွေးနေ့မှာ အင်ဒိုနီးယားအမျိုးသား မစ္စတာဂေါ့သိုက ဆိုပါတယ်။
ရွာငယ်လေးတစ်ရွာက မစ္စတာဂေါ့သိုဟာ ၁၈၇၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ ဒီအချက်အလက်သာ မှန်ကန်ခဲ့ရင် သူဟာ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသားအဖြစ် အသိအမှတ်ပြုခံရပါလိမ့်မယ်။
သူရဲ့ ၁၄၆နှစ်ပြည့်မွေးနေ့ကို သူ့မြေးနဲ့ မြေးချွေးမ၊ သူတို့ကလေးနှစ်ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။ သက်တော်ရှည်အဘိုးမစ္စတာဂေါ့သိုက မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်တွေကို တစ်ချက်တည်းနဲ့ ငြိမ်းအောင်မှုတ်နိုင်တယ်လို့ သိရပါတယ်။
သူရဲ့ အသက်ရှည်ကျန်းမာရခြင်းလျှို့ဝှက်ချက်ကို မေးမြန်းခဲ့တဲ့အခါမှာ သူက “ဆေးနည်းကတော့ စိတ်ရှည်သည်းခံခြင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
အဘိုးဂေါ့သိုဟာ မျက်စိအမြင်မကောင်းတော့တဲ့အတွက် တီဗီမကြည့်နိုင်တော့ဘဲ ရေဒီယိုနားထောင်ခြင်းနဲ့ပဲ တစ်နေ့တာ အချိန်အတော်များများကုန်ဆုံးစေတယ်လို့ မြေးဖြစ်သူကဆိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)