Healthy Life Ad
International

ခြေလက် ၈ ချောင်းပါ ကလေးငယ် အပိုခြေလက်များ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့

၊ မိုးမင်းထွန်း ၊

အီရတ်နိုင်ငံမှ အသက် ၇ လအရွယ် ကာရန်အမည်ရ ကလေးငယ်ဟာ ခြေလက်ရှစ်ချောင်းနဲ့ မွေးဖွားလာခဲ့ပါတယ်။ ကာရန်ရဲ့ ကိုယ်ချင်းဆက်အမြွှာဟာ မိခင်ဝမ်းဗိုက်ထဲမှာ ကောင်းစွာမဖွံ့ဖြိုး၊ သီးခြားခန္ဓာကိုယ်ဖြစ်တည်ခြင်းမရှိဘဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ဟာ ကာရန်ရဲ့ခန္ဓာကိုယ်မှာ တွယ်ကပ်ဖွံ့ဖြိုးခဲ့တာလို့ သိရပါတယ်။ ဒီလိုရှားပါးတဲ့အဖြစ်အပျက်မျိုးဟာ မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားလောင်းဖွံ့ဖြိုးမှု ဖြစ်စဉ်အတွင်း မူမမှန်ဆဲလ်တွေဖွဲ့စည်းမှုကြောင့် ဖြစ်ပွားတတ်ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့နှစ်အောက်တိုဘာလက အိန္ဒိယနိုင်ငံသို့ သွားရောက်ကာဆေးကုသမှုခံယူခဲ့ပါတယ်။ ဆရာဝန်တွေက ကလေးရဲ့အစာအိမ်မှ ထိုးထွက်နေတဲ့ အပိုခြေချောင်းတွေကို ပထမဖယ်ရှားပေးခဲ့ပါတယ်။ ရှားပါးရောဂါကြောင့် ဖြစ်ပွားတဲ့ နှလုံးရောဂါကိုလည်း ကုသခဲ့ရပြီး နောက်ဆုံးအနေနဲ့ ကလေးမှာ ကျန်ရှိတဲ့ တခြားခြေချောင်းအပိုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ခွဲစိတ်မှုတွေအောင်မြင်ခဲ့ပြီး ဆေးရုံကဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ကလေးအသက်ကြီးလာတဲ့အခါ နောက်ထပ်စမ်းသပ်ကုသစရာတွေ ရှိသေးကြောင်းလည်း ဆရာဝန်တွေက ရှင်းပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကုသမှုအဆင့်မီကာ ဆေးကုစရိတ်ဈေးချိုတာကြောင့် ကမ္ဘာ့အနှံ့လူနာတွေ လာရောက်ဆေးကုသမှု ခံယူလေ့ရှိကြောင်းလည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top