မေး။ ။ သမီးက အခုမှ မျက်ကပ်မှန် စတပ်မယ့်သူပါရှင့်။ သမီးသိချင်တာက အလှပြင်ပြီးမှပဲ မျက်ကပ်မှန် တပ်သင့်တာလား။ အလှမပြင်ခင်မှာ မျက်ကပ်မှန် တပ်သင့်တာလားဆရာ။
နေနွယ်ဝင်း၊ တာမွေ။
ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။
အလှပြင်ပြီးမှပဲ မျက်ကပ်မှန်တပ်တာက အကောင်းဆုံးပါ။ အိုင်းလိုင်နာ ဆိုးတာ၊ မျက်တောင် ကော့ဆေးနဲ့ကော့တာ အဲဒီလိုမျိုး မျက်လုံးကို အသေးစိတ်ခြယ်သတာတွေလုပ်ပြီးမှ မျက်ကပ်မှန် တပ်တာက ပိုအန္တရာယ်ကင်းပါတယ်။ မျက်ကပ်မှန်တပ်ပြီး မျက်လုံးအလှခြယ်သရင် မျက်ကပ်မှန်ကို ထိတွေ့မှုရှိသွားနိုင်တာကြောင့် ပိုး ဝင်တတ်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)