၊ လရိပ်မေ ၊
အဆင့် (၁) အညိုရောင် အိုင်းရှဲဒိုးလိမ်းပါ
အပေါ် မျက်ခမ်းအရစ် အထက်ကိုအညိုရောင် အိုင်းရှဲဒိုးလိမ်းပေးပါ။
အဆင့် (၂) အိုင်းလိုင်နာဂျဲလ်အမျိုးအစား ထပ်လိမ်းပါ
အပေါ်မျက်ခမ်းနဲ့ အိုင်းရှဲဒိုးခြယ်ထားတဲ့ နေရာကြားကို အိုင်းလိုင်နာဂျဲလ်အမျိုးအစားလိမ်းပါ။
အဆင့် (၃) မျက်ခမ်းအတွင်းကို ခြယ်ပါ
မျက်ဝန်းဆွဲခဲတံသုံးပြီး မျက်ခမ်းအပေါ်နဲ့အောက် အတွင်းနေရာကို ခြယ်သပါ။
အဆင့် (၄) အိုင်းရှဲဒိုးအမည်းရောင် ထပ်ဖြည့်ပါ
ပြီးရင် မျက်ဝန်းအပေါ်မှာ အိုင်းရှဲဒိုး အမည်းရောင် ထပ်ဖြည့်ပေးပါ။
အဆင့် (၅) အိုင်းရှဲဒိုးအစွန်းများကို ညှိပါ
အိုင်းရှဲဒိုးနဲ့ အိုင်းလိုင်နာ ဂျဲလ်ကြားက အစွန်းတွေကို ဘရပ်ရှ်အသေးစားလေးနဲ့ ပြေပြစ်အောင် ညှိပေးပါ။
အဆင့် (၆) မျက်တောင်တု ကပ်ပါ
မျက်ဝန်းအလယ်မှာပိုရှည်သွားမယ့် မျက်တောင်ကို ရွေးတပ်ပါ။ ပြီးရင် မက်စ်ကာရာဆိုးပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)