ဇွန်
သင့်အိမ်မှာ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်တဲ့ကြောင်၊ ခွေး စတာလေးတွေ ပိုင်ဆိုင်တဲ့ အခါ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
– အိမ်မွေးတိရစ္ဆာန် ရှိတာကြောင့် ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်ရောဂါ အန္တရာယ် လျော့ပါးစေပါတယ်။
– စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
– သွေးတိုးကို ကျစေပြီး သွေးဖိအားကို ပုံမှန် ထိန်းပေးနိုင်ပါတယ်။
– စိုးရိမ်သောကများတာနဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတို့ကို သက်သာစေပါတယ်။
– သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။
– အထီးကျန်တဲ့ ဝေဒနာလျော့ပါးစေပြီး ပေါင်းသင်းဆက်ဆံရေးမှာ ကောင်းမွန်စေပါတယ်။
– လေဖြတ်ဝေဒနာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
– ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်း သကြားဓာတ်အဆင့်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။
– ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
– အော်တစ်ဇင်ရောဂါ ခံစားနေရတဲ့ ကလေးတွေနဲ့ အာရုံစူးစိုက်မှု ချို့တဲ့ပြီး အတက်ကြွလွန်တဲ့ ဝေဒနာရှိသူ ကလေးတွေမှာ ဝေဒနာ သက်သာစေ ပါတယ်။