၊ ကိုထက် ၊
ခြေသလုံးနဲ့ ပေါင်တံကျစ်လျစ်သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေထဲက သင့်တော်ရာကို တစ်နေ့ မိနစ် ၃၀လောက် ပြုလုပ်ပေးသင့်ပါတယ်။
(၁) ရေကူးခြင်း
ရေကူးတာကြောင့် လက်၊ ခြေထောက်အပါအ၀င် တစ်ကိုယ်လုံးသန်စွမ်းစေပါတယ်။
(၂) စက်ဘီးစီးခြင်း
စက်ဘီးစီးတာကြောင့် ခြေသလုံးသားကို ကျစ်လျစ်သန်စွမ်းစေပါတယ်။
(၃) အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ခြင်း
ကိရိယာလွတ်လေ့ကျင့်ရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက် ပုံမှန်ပြုလုပ်ပေးတာကြောင့် ခြေသလုံးနဲ့ပေါင်တံကို သွယ်လျသွားစေပါတယ်။
(၄) ပြေးခြင်း
ပြေးတာကြောင့် ခြေသလုံးနဲ့ပေါင်တံ အဆီတွေကို လျော့ကျသွားစေပါတယ်။
(၅) ယောဂကျင့်ခြင်း
ယောဂကျင့်စဉ်တွေကလည်း ခြေသလုံးနဲ့ပေါင်တံကို သန်စွမ်းစေပါတယ်။
(၆) ကြိုးခုန်ခြင်း
ကြိုးခုန်တာကြောင့် ခြေသလုံးနဲ့ပေါင်တံကို ကျစ်လျစ်သန်စွမ်းစေပါတယ်။
(၇) လက်ဝှေ့ထိုးခြင်း
လက်ဝှေ့ထိုးတာကြောင့် လက်မောင်းသာမက ခြေသလုံးနဲ့ပေါင်တံတွေကိုပါ ကျစ်လစ်သွားစေပါတယ်။
(Ref;fitnessbin)