(၁) တတ်နိုင်သမျှ သကြားလျှော့စားပါ။
(၂) ဗီတာမင်ဒီစစ်ဆေးပါ။ လိုအပ်ရင် ဖြည့်တင်းပါ။
(၃) ငါးကြေးဆီ မှီဝဲပါ။
(၄) စပျစ်သီး၊ ဘလူးဘယ်ရီသီး စတဲ့ အသီးအနှံ တွေကို စားပေးပါ။
(၅) နေ့တိုင်းဦးနှောက်ကို အလုပ်ပေးပါ။ ဘာတွေလုပ်ပေးသင့်သလဲဆိုရင် တရားထိုင်တာ၊ သင်္ချာတွက်တာ၊ ဆုဒိုကုကစားတာစတာ တွေ လုပ်ဆောင်ပေးပါ။
(၆) စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။
(၇) အဆီအအိမ့်နဲ့ ဆီကြော်စာတွေကို တတ်နိုင်သမျှ လျှော့စားပါ။
(၈) ဟင်းလျာထဲ နနွင်းမှုန့်ထည့်စားပါ။
(၉) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။
(၁၀) ဆီးချိုရောဂါလို နာတာရှည်ရောဂါတွေရှိရင် သေချာထိန်းချုပ်ကုသမှုခံယူပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)