မေး ။ မျက်စဉ်းဆေးခတ်မယ်ဆိုရင် ဘာတွေကို သတိပြုသင့်ပါသလဲ။
ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ မျက်စဉ်းဆေးအများစုဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ရှိမှ ထည့်သင့်ပါတယ်။ ဆရာဝန်မညွှန်ကြားဘဲ မသုံးသင့်ပါဘူး။
အကြမ်းဖျဉ်းပြောရရင် မျက်စဉ်းဆေးတွေဟာ Antibiotic Eye Drop (ပဋိဇီဝမျက်စဉ်းဆေး)၊ Steroid Eye Drops (စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေး)၊ ပဋိဇီဝပိုးသတ်ဆေးနဲ့စတီးရွိုက်ပေါင်းထားတဲ့ မျက်စဉ်းဆေးရေတိမ်အတွက်ပေးတဲ့ မျက်စဉ်းဆေး (Antiglaucoma Eye Drop) နဲ့ Atropine တစ်ရာခိုင်နှုန်းမျက်စဉ်းဆေးဆိုပြီး အဓိက အုပ်စု ငါးမျိုးလောက်ရှိတယ်။
ပဋိဇီဝမျက်စဉ်းဆေးတွေက ဘယ်သူခတ်ခတ် ပြဿနာမရှိပါဘူး။ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေကတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ ကိုယ်သုံးရင် မျက်ကြည်လွှာ ပွန်းတတ်တယ်။ ရေတိမ်ဖြစ်တတ်တယ်။ ပဋိဇီဝပိုးသတ်ဆေး နဲ့ စတီးရွိုက်ပေါင်းထားတဲ့ မျက်စဉ်းဆေးကလည်း အလားတူပဲ ပြဿနာဖြစ်တတ်တယ်။ ဒါကြောင့်စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ပါမှ သုံးသင့်တယ်။ ရေတိမ်အတွက် သုံးရတဲ့ မျက်စဉ်းဆေးကလည်း ရေတိမ်ရှိမှခတ်ရတာဖြစ်တဲ့အတွက် ဆရာဝန်ညွှန်ကြားမှသာ သုံးသင့်တယ်။ Atropine ပါတဲ့ မျက်စဉ်းဆေးတွေကလည်း မျက်စိထဲထည့်လိုက်ရင် သူငယ်အိမ်ကျယ်သွားတတ်တယ်။ မျက်စိဝါးသွားတတ်ပါတယ်။
ဒါကြောင့် ခြုံပြောရရင် ပဋိဇီဝမျက်စဉ်းဆေး တွေက ဘယ်သူမဆိုခတ်လို့ရပြီး ကျန်တဲ့မျက်စဉ်းဆေးတွေကိုတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်အရသာ ခတ်သင့်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)