မေး. သမီး ဒီလရာသီလာတာကလေ ပုံမှန်ထက်နည်းနည်း နည်းပြီးတော့လေ မလာခင်ကလည်း တဆစ်ဆစ်နဲ့နာတယ်။ လာပြီးတော့လည်း နည်းနည်းတဆစ်ဆစ်နည်းနာလို့လေ၊ စိုးရိမ်ရလားဟင်။ ဘာတွေဖြစ်နိုင်လဲဟင်။ အရင်လတွေက ဒီလိုမဖြစ်ဖူးလို့ပါ။ အိမ်ထောင်သည်ဆိုရင် ဘာဖြစ်နိုင်ပါသလဲ။ အပျိုဆိုရင်ကော စိုးရိမ်ရလားဟင်။
ကကက
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. ရာသီလာခါနီးကာလတွေမှာ ဆီးစပ်ကိုက်ခဲနာကျင်တတ်ပါတယ်။ အသက်အရွယ်၊ ဟော်မုန်းအနည်းအများ၊ စိတ်ဖိစီးမှု၊ တခြားသောရောဂါ ရှိမှုပေါ်မူတည်ပြီး ကိုက်ခဲမှုအနည်းနဲ့အများ ဖြစ်ပေါ်နိုင်ပါတယ်။ ပုံမှန်ထက်လွန်လွန်ကဲကဲ ဖြစ်လာတယ်လို့ သံသယရှိရင် သားဖွားမီးယပ်အထူးကုနဲ့ ပြသစေလိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)