အံကပ်စိုက်ရတဲ့သူတွေအနေနဲ့ အံကပ်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့နဲ့ ခံတွင်းသန့်ရှင်းနေဖို့အတွက် နေ့စဉ်လိုက်နာရမယ့် နည်းလမ်းလေးတွေရှိပါတယ်။
– အံကပ်တပ်ဆင်သူတွေအနေနဲ့ အစာစားပြီးတိုင်း အံကပ်ကိုဖြုတ်ပြီး ရေနဲ့ဆေးကြောပေးပါ။
– ညအိပ်ရာဝင်ခါနီးတိုင်း အံကပ်ကိုဖြုတ်ပြီး သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့တိုက်ပြီး ရေနဲ့သေချာဆေးကြော သန့်စင်ပေးပါ။ ပြီးရင် အံကပ်ကိုရေထဲစိမ်ပါ။ ရိုးရိုးရေထဲစိမ်ပြီး အဖုံးဖုံးထားပေးပါ။
– နံနက်အိပ်ရာထပြီး ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပြီးချိန်မှာ အံကပ်ကို သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့ သွားတိုက်တံနဲ့ သေချာတိုက်ပြီးမှ ပြန်သုံးသင့်ပါတယ်။
– အံကပ်မှာ စားကြွင်းစားကျန်တွေ ကပ်ငြိမနေအောင်ထားဖို့ အရေးကြီးပါတယ်။ သွားပစ္စည်းရောင်းတဲ့ ဆေးဆိုင်တွေက ဝယ်လို့ရတဲ့ အံကပ်စိမ်တဲ့ဆေးပြားနဲ့ စိမ်ပေးရင် ပိုကောင်းပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)