မေး. ကျွန်တော့်သူငယ်ချင်းတစ်ယောက် အသည်းကင်ဆာဖြစ်တယ်ကြားလို့ ကြောက်နေပါတယ်ဆရာ။ မဖြစ်အောင် ဘာတွေဆင်ခြင်သင့်ပါသလဲ။
ဦးထွေးမောင်၊ ကျောက်မြောင်း။
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. အသည်းကင်ဆာက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိပြီး ကုသမှု မခံယူဘဲနေတာနဲ့ အရက် အလွန်အကျွံသောက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုး ရှိ၊ မရှိ စစ်ဆေးပါ။ ဘီပိုးမရှိရင် ကာကွယ်ဆေးထိုးပါ၊ ဘီပိုး၊ စီပိုးရှိရင် ဆေးကုသမှုခံယူသင့်ပါတယ်။ အသည်းရောင် အသားဝါဘီပိုးရှိသူတွေက အရက်သောက်ရင်ပိုဆိုးပါတယ်။ အမျိုးသမီးတွေမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး မရှိဘဲ အသည်းကင်ဆာဖြစ်နှုန်းမြင့်တက်နေတာကို တွေ့ရပါတယ်။ အဲဒါကတော့ အသည်းအဆီဖုံးရောဂါဖြစ်ရာကနေ ကုသမှုမခံယူတာကြောင့် ဖြစ်ရတာပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)