Health Tips
အိပ်တဲ့အခါ ဘာကြောင့် သွားရည်ကျရတာလဲ သွားရည်မကျအောင် ဘယ်လိုလုပ်နိုင်သလဲ
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) လူတစ်ယောက်ရဲ့ ပါးစပ်ထဲကနေ တံတွေးအပိုတွေ ထွက်ကျလာတဲ့အခြေအနေကို သွားရည်ကျတယ်လို့ခေါ်ပါတယ်။ အရွယ်ရောက်သူတချို့မှာ အိပ်စက်အနားယူတဲ့အခါ သွားရည်ကျတာ ဖြစ်တတ်ပါတယ်။ ဘာကြောင့် သွားရည်ကျရတာလဲ အိပ်တဲ့အချိန်မှာ မျက်နှာကြွက်သားတွေနဲ့ မျိုချတုံ့ပြန်မှုဖြစ်စဉ်က လုံးဝပြေလျော့အနားရနေပါတယ်။ အိပ်စက်အနားယူစဉ်မှာ ခံတွင်းထဲ တံတွေးတွေ စုပြုံရောက်ရှိရာက အနားရနေတဲ့...