——–၊ ဒေါက်တာတင့်ဆွေ ၊——— Q. ဆရာခင်ဗျာ။ မိခင်စားသော အစားအစာမှ နို့စို့နေသော ကလေးငယ်ကို Effect ဖြစ်စေပါသလား ဆရာ။ ဥပမာ- မိခင်က မျှစ်-မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ဒညင်းသီးစားလို့ ကလေးကို နေမကောင်းတာ တစ်ခုခုဖြစ်စေတာမျိုး၊ အဆိပ်အတောက်ဖြစ်စေတာမျိုး။ မိခင်က...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— ဆယ်ကျော်သက်အများစုဟာ လူလုပ်ဟော်မုန်းလို့ တင်စားကြတဲ့ စတီးရွိုက်တွေကို ရှောင်ရှားသင့်ပါတယ်။ စတီးရွိုက်ဆေးတွေဟာ ကြွက်သားဖြစ်စဉ်ယိုယွင်းမှုကို ဟန့်တားပေးတာကြောင့် လူငယ်တွေ၊ အထူးသဖြင့် အားကစားသမားတွေ သုံးချင်ကြပါတယ်။ စတီးရွိုက်ဆေးရဲ့  ဖြစ်လာနိုင်တဲ့ ဆိုးကျိုးကို မသိလို့ သုံးလေ့ရှိကြတာပါ။...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— ဟင်းသီးဟင်းရွက်အများစုအား ပိုးသတ်ဆေးအများကြီး အသုံးပြုထားလေ့ရှိသည့်အတွက် မြန်မာလူမျိုးတို့ နေ့စဉ်စားလေ့ရှိသည့် ဟင်းသီးဟင်းရွက်တို့အား အစိမ်းစားသည့်အကျင့်ကို ပြင်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဆီးချိုနှင့် အထွေထွေအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ပြောကြားသည်။ “ ဟင်းသီးဟင်းရွက်တွေကို ဓာတုဗေဒပါတဲ့ ဆေးတွေဖျန်းတာရှိတယ်။ ဘယ်လောက်ကပ်ငြိနေလဲဆိုတာ...
—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊— Q. ဆီးချိုသမားတွေက မတည့်တဲ့အစာတွေကို စားချင်ကြတယ်။ ဥပမာ-အသီးတွေမှာ ချိုတဲ့အသီးတွေကို စားချင်တဲ့အခါ ဘယ်လိုပုံစံမျိုး စားလို့ရပါသလဲ ဆရာ။ A. အသီးတွေကို နှစ်ပိုင်းပိုင်းလိုက်တယ်။ ချဉ်တဲ့အသီးရှိတယ်၊ ချိုတဲ့အသီးရှိတယ်၊...
—–၊ (သွားနှင့် ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး) ၊—– Q. ကျွန်မကလေးငယ် သွားလဲချိန်မှာ သွားတွေပြွတ်ပြီး ပေါက်လာပါတယ်။ စိုးရိမ်သင့်ပါသလား ဆရာ။ A. သွားတွေပြွတ်ပြီး ပေါက်တာက အကြောင်းရှိပါတယ်။ မေးရိုးက သေးငယ်ပြီး ကြီးထွားမှုက နှေးတာကြောင့် ကလေးသွားတွေက နေရာမဖယ်ပေးသေးချိန်မှာ...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— နှစ်ရှည်လများ အရက်စွဲသောက်နေသူများနှင့် အရက်ကို အလွန်အမင်းသောက်ပြီး မသောက်ရမနေနိုင်သည်အထိ စွဲနေသူတို့အနေဖြင့် အရက်ဖြတ်လိုလျှင် နောက်ဆက်တွဲကျန်းမာရေး မထိခိုက်စေရန် ဆေးဝါးအကူအညီဖြင့် ဖြတ်သင့်ကြောင်း ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တစ်ဦးက ပြောကြားသည်။ “ အရက်စွဲနေသူတွေအနေနဲ့ အရက်ဖြတ်တဲ့အခါ...
———၊ ဇွန် ၊——— အိပ်ရာမ၀င်ခင် သွားတိုက်ဖို့၊ သန့်ရှင်းတဲ့သွားတွေနဲ့သာ အိပ်စက်အနားယူဖို့ လိုတယ်ဆိုတာ လူတိုင်းသိကြပေမယ့် တစ်ခါတလေမှာ သွားမတိုက်ဘဲ အိပ်ရာဝင်တာမျိုး လုပ်မိတတ်ကြပါတယ်။ စာဖတ်ရင်း၊ တီဗီကြည့်ရင်း အိပ်ချင်စိတ်များလာလို့ သွားမတိုက်ဘဲ အိပ်ရာထဲဝင်အိပ်တာ၊ အိပ်ခါနီးသွားတိုက်ပြီးမှ သရေစာစားမိတာတွေကြောင့် မသန့်ရှင်းတဲ့သွားတွေနဲ့ အိပ်စက်မိတာမျိုးလည်း...
———၊ ကိုထက် ၊——— ဗိုက်ထဲက သန္ဓေသားကို စကားပြောပေးခြင်း၊ သီချင်းဆိုပြခြင်းတို့ ပြုလုပ်လေ့ရှိတဲ့ မိဘတွေရဲ့  ကလေးတွေက ဘာသာစကားစွမ်းရည် တိုးတက်မှုရှိကြောင်း သိရပါတယ်။ မိခင်ဝမ်းဗိုက်ထဲမှာ ရှိစဉ်ကတည်းက ကလေးငယ်တွေဟာ မကြာခဏကြားဖူးတဲ့ စကားလုံးတွေကို မှတ်မိနေကြောင်း၊ အကြောင်းမှာ ဘ၀အစောပိုင်းအဆင့်မှာ...
—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—– Q. သွေးပေါင်က ဆေးခန်းမှာတိုင်းတာနဲ့ အိမ်မှာတိုင်းတာ အပြောင်းအလဲရှိတော့ ဘယ်လိုအတိုင်းအတာဆိုရင် သွေးတိုးရှိတယ်လို့ ဆိုနိုင်ပါသလဲဆရာ။ A. သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/ ၉၀ mmHg နဲ့ အထက်ရှိရင်...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— အစာအိမ်ကထွက်ရှိတဲ့ အစာခြေအင်ဇိုင်း(Pepsin)က ပုံမှန်အခြေအနေမှာ မထကြွပေမယ့် အက်စစ်အထွက်များလာတဲ့အခါ အဲဒီအင်ဇိုင်းက ထကြွလာတတ်ပါတယ်။ အဲဒီအက်စစ်များလာရင် အစာအိမ်နဲ့ အူသိမ်နံရံကို စားပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်က ကိုယ်ခံအားကောင်းပြီး အနာကျက်အားကောင်းအောင် လုပ်နိုင်ရင်တော့ ဘာမှမဖြစ်ပါဘူး။ အဲဒီလိုမလုပ်နိုင်ရင်တော့...