Healthy Life Ad
Q & A

ငယ်သွားလဲချိန်မှာ သွားတွေပြွတ်ပြီး ပေါက်လာတယ် . . .

—–၊ (သွားနှင့် ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး) ၊—–

Q. ကျွန်မကလေးငယ် သွားလဲချိန်မှာ သွားတွေပြွတ်ပြီး ပေါက်လာပါတယ်။ စိုးရိမ်သင့်ပါသလား ဆရာ။

A. သွားတွေပြွတ်ပြီး ပေါက်တာက အကြောင်းရှိပါတယ်။ မေးရိုးက သေးငယ်ပြီး ကြီးထွားမှုက နှေးတာကြောင့် ကလေးသွားတွေက နေရာမဖယ်ပေးသေးချိန်မှာ လူကြီးသွားတွေက ပြွတ်ပြီးပေါက်လာတတ်ပါတယ်။ အဲဒါကြောင့် သွားတွေထပ်တာ၊ သွားစွယ်တွေထွက်တာတွေ ဖြစ်လာပါတော့တယ်။

ကလေးရဲ့ မေးရိုးက ကြီးလာပြီး မျက်နှာအနေအထားက ပြောင်းသွားတာရယ်၊ သွားတွေက ကြီးလာတာရယ်တွေကြောင့် ကလေးတွေကလည်း ကသိကအောက်ဖြစ်ရသလို မိဘတွေကလည်း သွားတွေကြောင့် သူတို့ကလေးတွေ မလှမှာကို စိတ်ပူတတ်ကြပါတယ်။ တကယ်တော့ မိဘတွေအနေနဲ့ စိတ်ပူဖို့ မလိုပါဘူး။ ဒီလိုသွားတွေ မလှပတာက ငယ်သွားလဲတဲ့အရွယ်မှာ ဖြစ်တတ်တဲ့ သဘာဝပါ။ ပုံမှန်ငယ်သွားတွေ အားလုံးလဲပြီးချိန်မှာ အဆင်ပြေသွားမှာဖြစ်ပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာ သွားတွေလဲနေတတ်ပြီး အံဆုံးပေါက်တဲ့ အသက်၂၀-၂၅ လောက်မှာ ပြီးဆုံးသွားတတ်ပါတယ်။ အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့ အရွယ်နဲ့ ကိုက်ညီနေတာကြောင့် မိဘတွေက ကလေးရဲ့ သွားတွေကြောင့် သူတို့ကလေးတွေ မလှမှာကို စိုးရိမ်တတ်တာပါ။ တကယ်တော့ စိုးရိမ်စရာမရှိပါဘူး။

Most Popular

Healthy Life Ad
To Top