Healthy Life Ad
Q & A

မျက်ခွံတစ်ခုလုံး စုတ်ပြတ်သွားလျှင် စုတ်ပြဲသွားလျှင်

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—
Q. မျက်ခွံထိခိုက်ပြီး စုတ်ပြတ်သွားတဲ့အခါမျိုးမှာ မျက်ခွံအစားထိုးကုသမှု ပြုလုပ်လို့ရပါသလား ဆရာ။

A. လူနာက အကြောင်းတစ်ခုခုကြောင့် မျက်ခွံထိခိုက်ဒဏ်ရာရပြီး မျက်ခွံ (Eyelid) တစ်ခုလုံး စုတ်ပြတ်သွားတယ်။ အဲဒီလို မျက်ခွံ ဘာမှမရှိတော့တဲ့ အချိန်မျိုးမှာဆိုရင် မျက်ခွံအစားထိုးကုသမှုပြုလုပ်ဖို့ လိုအပ်ပါတယ်။

မျက်ခွံက တခြားလူရဲ့ မျက်ခွံကိုလည်း အစားထိုးထည့်လို့မရပါဘူး။ လူသေဆီကယူပြီး လုပ်တာမျိုးလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် အသားအရောင်ချင်း ကိုက်ညီဖို့မလွယ်တဲ့အတွက် မျက်ခွံကိုယူလို့မရတာပါ။ ဒါကြောင့် မျက်ခွံ(Eyelid)က အလွန်အမင်း Skin Graft နည်းသုံးပြီး ပြုပြင်ရပါတယ်။ Skin Graft ဆိုတာက မျက်ခွံဒဏ်ရာရတဲ့ လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ တခြားအရေပြားကိုပဲယူပြီး အစားထိုးထည့်ပြီး ကုသမှုပေးတာကို ပြောတာပါ။

“ မျက်နှာအပေါ်ပိုင်းက အရေပြားကိုပဲ မျက်ခွံအထိ ဆွဲချပြီး ဒါမှမဟုတ် ပါးပြင်က အရေပြားကို ပင့်တင်ပြီး ကုသတဲ့နည်း (Flap Graft) ဆိုတာရှိပါတယ်။ အဲဒီလို ကုသပြီးတဲ့အချိန်မှာ ထိခိုက်သွားတဲ့ အရေပြားတွေကိုတော့ ထပ်ပြီးဂရုစိုက်ပေးရပါတယ်။”

မျက်ခွံကို ပြန်ကြည့်မယ်ဆိုရင် မျက်ခွံရဲ့အပေါ်ဆုံးမှာ အရေပြား (Skin) ရှိပြီး အရေပြားအောက်မှာ အရိုးနု (Cartilage) ရှိပါတယ်။ နားရွက်လိုပါပဲ။ မျက်ခွံမှာရှိတဲ့ အရိုးနုကို ဆေးပညာအရ Tarsus လို့ခေါ်ပါတယ်။ အရိုးနုကို ထိခိုက်သွားရင် အစားထိုးထည့်ဖို့ခက်တော့ လူသေဆီက ယူသိမ်းထားတဲ့ အသားမျှင် (Banked Sclera) ကိုယူပြီး အဲဒီအသားမျှင်တစ်ထပ်၊ အပေါ်မျက်ခွံ အရေပြားတစ်ထပ် ပြန်ချုပ်လိုက်တာမျိုးလည်း ရှိပါတယ်။

Q. မျက်ခွံအစားထိုးကုသတဲ့ တခြားနည်းလမ်းကော ရှိပါသလား ဆရာ။

A. နောက်တစ်နည်းအနေနဲ့ မျက်နှာအပေါ်ပိုင်းက အရေပြားကိုပဲ မျက်ခွံအထိဆွဲချပြီး ဒါမှမဟုတ် ပါးပြင်က အရေပြားကို ပင့်တင်ပြီး ကုသတဲ့နည်း (Flap Graft) ဆိုတာရှိပါတယ်။ အဲဒီလို ကုသပြီးတဲ့အချိန်မှာ ထိခိုက်သွားတဲ့ အရေပြားတွေကိုတော့ ထပ်ပြီး ဂရုစိုက်ပေးရပါတယ်။ ပါးကနေ ဆွဲတင်တာနဲ့ နဖူးကနေ ဆွဲချတာတွေကို လုပ်ထားတဲ့အတွက် အဲဒီနေရာက အရေပြားတွေပါ ပြန်ကောင်းအောင် ဂရုစိုက်ပေးရပါတယ်။ နောက်ဆက်တွဲ ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးတော့ မရှိပါဘူး။

မျက်ခွံကော တခြားအရေပြားနေရာတွေပါ ကောင်းကောင်းအနာကျက်တဲ့အထိ အချိန်တစ်လလောက်တော့ ကြာတတ်ပါတယ်။ ဒီလို မျက်ခွံအစားထိုးတဲ့နည်းလမ်းကို မြန်မာပြည်မှာ အောင်အောင်မြင်မြင် ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။

မြန်မာပြည်အနေနဲ့ မျက်စိပိုင်းဆိုင်ရာ အစာထိုးကုသမှုမှာ အောင်မြင်နေတဲ့ အပိုင်းတွေကို ပြောရမယ်ဆိုရင် မျက်ခွံအစားထိုးကုသတာ အောင်မြင်ပါတယ်။ မျက်ကြည်လွှာ အစားထိုးကုသတာလည်း အောင်မြင်ပါတယ်။ မျက်ကြည်လွှာမရရင် သန္ဓေသားအချင်းကို အစားထိုး ကုသမှုပေးတာ အောင်မြင်ပါတယ်။ ပြီးရင် ပင်မဆဲလ် (Stem Cell) နဲ့ ထိခိုက်သွားတဲ့ မျက်မြှေးနဲ့ မျက်ကြည်လွှာတို့ကို အစားထိုးကုသတာလည်း အောင်မြင်ပါတယ်။

Most Popular

Healthy Life Ad
To Top