Healthy Life Ad
Health Tips

ပေါင်အတွင်းပိုင်းအဆီ လျော့ကျစေမည့် လေ့ကျင့်ခန်း ၇ မျိုး

———၊ လရိပ်မေ ၊———

ပေါင်အတွင်းပိုင်းဆိုတာ တစ်ကိုယ်လုံးမှာ အဆီစုပုံတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ ခြေထောက်တွေကို ကြည့်ရဆိုးစေသလို ဗိုက်ပူတာလိုပဲ လျော့ကျဖို့ခက်တဲ့ အစိတ်အပိုင်းပါ။ ပေါင်အဆီလျော့ကျဖို့ အကောင်းဆုံးနည်းတစ်ခုက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်တာနဲ့ မှန်ကန်တဲ့ လေ့ကျင့်ခန်းပြုလုပ်တာတို့ကို လိုက်နာတာပါပဲ။

alignnone size-medium wp-image-63087

ပေါင်တင်းရင်းပြီး ခြေသလုံးသွယ်လျဖို့ လိုက်နာသင့်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-63088
(၁) ကြမ်းပြင်နဲ့အပြိုင်

ဒီလေ့ကျင့်ခန်းက အဆီလောင်ကျွမ်းမှုအများဆုံး လေ့ကျင့်ခန်းပါ။ တစ်ကိုယ်လုံးရှိ ကြွက်သားတိုင်းကို ထိရောက်မှုရှိစေပြီး သန်စွမ်းစေပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့ ၁၀-၂၀ ကြိမ် လေ့ကျင့်ခန်းလုပ်ဆောင်ပါ။

• ပထမဆုံးကြမ်းပြင် ဒါမှမဟုတ် မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပါ။

• ပြီးရင် မှောက်လျက်အနေအထားနဲ့ ကြမ်းပြင်နဲ့အပြိုင် ဆန့်တန်းထားပါ။

• ခြေထောက်တွေကို နောက်ဘက်ကန်ပြီး လက်မောင်းတွေကို ထောက်လျက်အနေအထားကနေ ပြန်ချပေးပါ။

• ပြီးရင် ဆောင့်ကြောင့်ထိုင်တဲ့အနေအထား ပြန်နေပါ။

• ဆောင့်ကြောင့်ထိုင်တဲ့ အနေအထားကနေ မတ်တပ်ရပ်လိုက်ပါ။

alignnone size-medium wp-image-63089
(၂) ခြေသလုံးယှက်တဲ့ ကျင့်စဉ်

ဒီလေ့ကျင့်ခန်းက ပေါင်အတွင်းပိုင်းကို ဦးတည်ထားပြီး တင်ပါးတွေကို ဟန်ချက်ညီစေပါတယ်။

• မတ်မတ်ရပ်တဲ့ အနေအထားနဲ့နေပါ။

• ပေါင်တွေကိုဖြတ်တဲ့ အနေအထားမျိုးဖြစ်အောင် ဘယ်ခြေထောက်ကို ညာဘက်သို့ရွှေ့ပါ။ ပြီးရင် ဒူးနှစ်ဖက်ကိုကွေးကာ လက်ဖ၀ါးနှစ်ဖက်ကို စုဆုံလိုက်ပါ။ ပြီးရင် ညာဘက်ခြေထောက်ကို တစ်ဖန်ပြန်လုပ်ပါ။

• ၁၂-၁၅ ကြိမ်လောက် ပြန်လုပ်ပေးပါ။

alignnone size-medium wp-image-63090
(၃) နောက်ကန်တဲ့ အနေအထား

ဒီလေ့ကျင့်ခန်းကလည်း ပေါင်ကြွက်သားတွေကို တင်းရင်းသန်စွမ်းစေပါတယ်။

• အရင်ဆုံး ကြမ်းပြင်ပေါ် လက်နှစ်ဖက်ထောက်ပြီး လေးဖက်ထောက်အနေအထားနဲ့နေပါ။

• ကျောပြင်က ဆန့်တန်းပြီး ကြမ်းပြင်နဲ့အပြိုင် ဖြစ်နေရပါမယ်။ မျက်နှာကျက်ကို ခြေဖနောင့်တစ်ဖက်နဲ့ ကန်ပါ။

• ဒီအနေအထားကို စက္ကန့်အနည်းငယ်ကြာနေပြီး မူလအနေအထားအတိုင်း ပြန်နေပါ။

• တခြားခြေထောက်တစ်ဖက်နဲ့ ပြန်လုပ်ပါ။

• ခြေထောက်တစ်ဖက်ကို ၁၀-၁၅ ကြိမ် ပြန်လုပ်ရပါမယ်။

alignnone size-medium wp-image-63092
(၄) ဖားပြုတ်ခုန်သကဲ့သို့

ဖားပြုတ်ခုန်တာကို တွေ့ဖူးတယ်မဟုတ်လား။ အဲဒီလိုခုန်ပေးတာကလည်း ပေါင်တွင်းပိုင်းအဆီတွေကို လျော့ကျစေပါတယ်။

• အရင်ဆုံးပခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ကိုချဲပြီး မတ်မတ်ရပ်ပေးပါ။

• တစ်စက္ကန့်-နှစ်စက္ကန့်လောက်နေပါ။

• ဖားတစ်ကောင်လိုမျိုး ခုန်ပါ။

• မြေပေါ်ခြေထောက်ပြန်ချချိန်မှာ ဒူးတွေကိုကွေး၊ တင်ပါးနဲ့ ဆောင့်ကြောင့်ထိုင်ပေးရပါမယ်။

alignnone size-medium wp-image-63093
(၅) ခြေဆန့်လက်ဆန့်ခုန်ပါ

ဒီလေ့ကျင့်ခန်းက တစ်ကိုယ်လုံး သွေးပူစေပြီး ခန္ဓာကိုယ်ကြံ့ခိုင်စေပါတယ်။

• မတ်မတ်ရပ်တဲ့ အနေအထားနဲ့နေပြီး ခုန်လိုက်ပါ။

• ခုန်ချိန်မှာ လက်နှစ်ဖက်ကို ဦးခေါင်းပေါ်မြှောက်၊ ခြေထောက်တွေကို ချဲရပ်ပြီး ခုန်ပါ။

• ဒီနည်းကို ၅ ကြိမ် လုပ်ဆောင်ပါ။

alignnone size-medium wp-image-63094
(၆) ဘေးစောင်းကာ လက်ဆန့်ထုတ်ခြင်း

ဒီနည်းက ပေါင်အတွင်းပိုင်းအဆီတွေကို တင်းရင်းကျစ်လစ်စေပြီး လက်မာင်းတွေကို တင်းရင်းစေပါတယ်။

• ကိုယ်တစောင်းအနေအထားနဲ့ လှဲလျောင်းပါ။ ဦးခေါင်းနဲ့ လည်ပင်းကို လက်မောင်းတစ်ဖက်ပေါ်မှာ လှဲထားပါ။

• ခြေချောင်းတွေကို အတူစုဆုံပြီး ကြမ်းပြင်ကနေ မြှင့်လိုက်ပါ။

• အပေါ်ဘက်က လက်မောင်းကို ဆန့်တန်းထုတ်ပေးပါ။

• အချိန် နှစ်စက္ကန့်လောက်ထားပြီးမှ မူလအနေအထားအတိုင်း နေပေးပါ။

• နောက်တစ်ဖက်ကို ပြန်နေပေးပါ။

alignnone size-medium wp-image-63095
(၇) ဆူမိုနပန်းသမားကဲ့သို့

ဆူမိုနပန်းသမားတွေရဲ့  ထိုင်နည်းက ပေါင်အတွင်းပိုင်းအဆီတွေကို ကျစ်လျစ်စေရုံသာမက ဗိုက်အဆီတွေကိုပါ ကင်းစင်စေပါတယ်။

• ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ထက် ပိုချဲပြီးရပ်ပါ။

• ခြေသလုံးနဲ့ပေါင်ကို ၉၀ ဒီဂရီ ထောင့်မှန်အနေအထားမျိုးနဲ့ ဆောင့်ကြောင့်ထိုင်ကာ မေးစေ့အောက်မှာ လက်အုပ်ချီလိုက်ပါ။

Most Popular

Healthy Life Ad
To Top