Healthy Life Ad
Health Tips

ခါးနာဝေဒနာ သက်သာစေမည့် ကိုယ်နေဟန် ၆ ခု

———၊ လရိပ်မေ ၊———

တစ်နေ့လုံးအလုပ်လုပ်ပြီးချိန်မှာ ခါးနာဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတယ်လို့ လူအများစုက ဆိုတတ်ကြပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေက နာရီပေါင်းများစွာ ကြာကြာအလုပ်လုပ်တာနဲ့ ကိုယ်နေဟန်မမှန်တာကြောင့် ဖြစ်ရတာပါ။ အချိန်အကြာကြီး တစ်ပုံစံတည်းထိုင်တာက ခန္ဓာကိုယ်ကို ထိခိုက်စေသလို လျှောထိုင်ရင်လည်း နာတာရှည် ခါးနာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ခါးနာတဲ့အခါ အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးရုံတင်မက ကိုယ်နေဟန်ကို ပြောင်းလဲတဲ့ အလွယ်နည်းတွေကိုလည်း လုပ်ပေးသင့်ပါတယ်။


(၁) ခါးလှည့်ကျင့်စဉ်

ဒီကိုယ်နေဟန်ကို ခါးလှည့်ခြင်းလို့ခေါ်ပြီး ခါးကြွက်သားတွေကို အပန်းပြေစေကာ တစ်ကိုယ်လုံး တင်းအားပြေစေပါတယ်။

• ခါးပေါ် သက်သောင့်သက်သာ လှဲနေပါ။

• ဒူးတွေကိုခေါက်ပြီး တစ်ဖက်တည်းမှာ စုဆုံထားပါ။ ကိုယ်အပေါ်ပိုင်းက တခြားဘက်ကို လှည့်ထားရပါမယ်။

• တင်ပါးနဲ့ ကျောပြင်ကို မြှင့်မထားဘဲ ကြမ်းပြင်နဲ့ တတန်းတည်းမှာထားပါ။

• ဒီအနေအထားအတိုင်း ၂-၃ မိနစ်ထားပြီး ဘက်ပြောင်းလုပ်ပါ။

မိနစ်အနည်းငယ်ကြာရင် နောက်တစ်ဖက်ပြောင်းလုပ်ပါ။ ခြားနားချက်ကို ခံစားရပါလိမ့်မယ်။ ဒူးအောက်မှာ တဘက်စထားပေးရင် ပိုပြီး သက်သောင့်သက်သာရှိစေပါတယ်။

alignnone size-medium wp-image-62779
(၂) မှောက်လျက်လှဲပြီး ကိုယ်အပေါ်ပိုင်းမြှင့်သည့်ကျင့်စဉ်

မြွေလိုကိုယ်နေဟန်နေရမှာဖြစ်ပြီး ၀မ်းဗိုက်ကို သန်စွမ်းစေပါတယ်။ ခါးနာကျင်မှုကိုလည်း သက်သာစေပါတယ်။

• ဖျာတစ်ချပ်ပေါ်မှာ မှောက်လျက်အနေအထားနဲ့နေပါ။ ခြေထောက်နှစ်ချောင်းကို ဆန့်ထုတ်ပေးပါ။

• ပြီးရင် လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်ထောက်ပြီး ဦးခေါင်းကို မြှင့်ပေးပါ။

• ဒီအနေအထားအတိုင်း တစ်မိနစ်ခန့်နေပါ။

• အလွန်အကျွံ မလုပ်ဖို့တော့ သတိရပါ။

alignnone size-medium wp-image-62780
(၃) ရင်ဘတ်ဆီသို့ ဒူးဆွဲကျင့်စဉ်

ခါးနာဝေဒနာသက်သာစေတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။

• ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လှဲလျောင်းပြီး ဒူးတစ်ဖက်ကို ကွေးပေးပါ။

• နောက်ခြေတစ်ဖက်ကို ကြမ်းပြင်ပေါ် အပြားလိုက်ချထားပါ။

• နောက်ခြေတစ်ဖက်ကို အဖြောင့်ထားတဲ့ အနေအထားနဲ့ပဲ တခြားဒူးတစ်ဖက်ကို ရင်ဘတ်ဆီဆွဲပေးပါ။

• စက္ကန့်အနည်းငယ်ထားပြီး ၃-၄ ကြိမ်လုပ်ပါ။

• နောက်ဒူးတစ်ဖက်ကို ပြောင်းလုပ်ပါ။

alignnone size-medium wp-image-62781
(၄) ခန္ဓာကိုယ်ကွေးညွတ်သည့် ကျင့်စဉ်

ဒီအနေအထားက ပေါင်နဲ့တင်ပါးကို ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ဖြစ်စေပြီး ခါးအောက်ပိုင်းတင်းအားကို ပြေလျော့စေပါတယ်။

• ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲလျောင်းကာ ဒူးတွေကို ကွေးပါ။

• ညာခြေထောက်ကို ဖြည်းဖြည်းချင်း ဆွဲယူပြီး ဘယ်ဒူးပေါ်တင်ပါ။

• မိနစ်အနည်းငယ်ကြာထားပြီး ဘက်ပြောင်းလုပ်ပါ။

• လိုအပ်ရင် ထပ်ခါထပ်ခါလုပ်ပါ။

alignnone size-medium wp-image-62782
(၅) ခန္ဓာကိုယ်ကွေးပြီး ခြေထောက်ထိကျင့်စဉ်

ဒီကိုယ်ဟန်က ခါးနာဝေဒနာကို သက်သာစေပါတယ်။ ခေါင်းအုံး ဒါမှမဟုတ် ဖက်လုံးအပါးလေးခံပြီး လုပ်ပေးပါ။

• ကြမ်းပြင်ပေါ် ခြေဆင်းထိုင်ရင်း သက်သောင့်သက်သာနေပါ။

• ခြေထောက်နှစ်ချောင်းကို နည်းနည်းချဲထားပါ။

• ဦးခေါင်းကို ပေါင်ပေါ်ကွေးချပါ။ ခြေထောက်နဲ့ထိဖို့ ကြိုးစားပါ။

• အသက်ပြင်းပြင်းရှူပြီး အနားပေးပါ။

• ပေါင်ပေါ်နဲ့ ဒူးအောက်မှာ ခေါင်းအုံးပါးခံပေးပါ။

alignnone size-medium wp-image-62783
(၆) ကလေးကိုယ်ဟန်

ဒီအနေအထားက ကလေးလေးတွေ လုပ်တတ်တဲ့ပုံစံဖြစ်ပြီး ခါးနာဝေဒနာကို သက်သာစေပါတယ်။

• ကြမ်းပြင်ပေါ်မှာ ဒူးတွေကို ခေါက်ထိုင်ပါ။

• ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြည်းဖြည်းချင်းရွှေ့ ပြီး လက်မောင်းတွေက ကြမ်းပြင်ပေါ် ဖြန့်ချပေးပါ။

• ကိုယ်အပေါ်ပိုင်းကို ဆွဲဆန့်လုပ်ပြီး နဖူးကို ရှေ့ ကြမ်းပြင်နဲ့ ထိပါ။

• လိုအပ်ရင် ထပ်ခါထပ်ခါလုပ်ပေးပါ။

alignnone size-medium wp-image-62784

Most Popular

Healthy Life Ad
To Top