Healthy Life Ad
Life Style

ဝိတ်လျှော့ပြီးနောက် ရင်သားတင်းရင်းအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်း ၇ သွယ်

———၊လရိပ်မေ ၊———

ဝိတ်ချတဲ့အခါမှာ ရင်သားတွဲကျတာက ဖြစ်လေ့ဖြစ်ထရှိပေမယ့် အမျိုးသမီးအများစုက ရင်သားတွဲကျတာကြောင့် စိတ်ထဲမှာ မသက်မသာ ဖြစ်ရတတ်ပါတယ်။ ၀ိတ်ကျပြီးချိန်မှာ လေ့ကျင့်ခန်း၊ ကျန်းမာရေးနဲ့အညီ စားသောက်ခြင်းနဲ့ တခြားလိုက်နာစရာလေးတွေကို လိုက်နာလိုက်ရင် ရင်သားတင်းရင်းပြီး ပုံကျလှပလာမှာပါ။

alignnone size-medium wp-image-61415
(၁) ရင်ဘတ်ကြွက်သားကိုသာမက တစ်ကိုယ်လုံးကို လေ့ကျင့်ခန်းလုပ်ပါ

ရင်ဘတ်ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်တာက ရင်သားတွေကို ပြည့်တင်းပြီး တင်းရင်းစေတဲ့ သော့ချက်ပါ။ ရင်သားတွေ တင်းရင်းစေဖို့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဦးတည်တဲ့ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

alignnone size-medium wp-image-61416
(၂) ကိုယ်နေဟန်ကို စောင့်ကြည့်ပါ

ကိုယ်နေဟန်စမတ်ကျတာက သင့်ကို ပိုကြည့်ကောင်းစေရုံသာမက အဆစ်နဲ့ တစ်သျှူးတွေပေါ် မလိုလားအပ်တဲ့ ဒဏ်သက်ရောက်မှု မဖြစ်စေပါတယ်။ ကိုယ်နေဟန်မတ်မတ်ထားတာက ကိုယ်အလေးချိန်ကို ညီတူညီမျှဖြစ်စေပြီးရင် ဘတ်နဲ့ ခါးနောက်ကျော နာကျင်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပခုံးတွေကို မတ်မတ်ထားပြီး ဦးခေါင်းကို ဖြောင့်ဖြောင့်ထားကာ ၀မ်းဗိုက်ရှပ်ထားပါ။ ဒီအနေအထားက ရင်သားကိုပါ တင်းရင်းစေပါတယ်။

alignnone size-medium wp-image-61417
(၃) သင့်တော်သော ဘရာစီယာဝတ်ပါ

လေ့ကျင့်ခန်းလုပ်ချိန်မှာ သင့်တော်ကောင်းမွန်တဲ့ ဘရာစီယာဝတ်တာက တစ်ကိုယ်လုံးကို ကြည့်ကောင်းအောင် ပံ့ပိုးပေးပါတယ်။ ကိုယ်နဲ့အံဝင်ခွင်ကျရှိတဲ့ ဘရာစီယာက ရင်သားတွေပေါ် ဒဏ်မကျရောက်အောင် ကာကွယ်ပေးပါတယ်။ အမျိုးအစားကောင်းတဲ့ ဘရာစီယာက ရင်သားလှုပ်တာနည်းစေပြီး တင်းကျပ်မှုလည်း သိပ်မရှိလို့ သွေး စီးဆင်းမှုကို မထိခိုက်စေပါ။ အထူးသဖြင့် ပြေးတာလို လေ့ကျင့်ခန်းလုပ်ချိန်မှာ ဘရာစီယာကောင်းကောင်း ၀တ်ဆင်ပါ။

alignnone size-medium wp-image-61419
(၄) သင့်တော်တဲ့ အစာစားနည်းကို လိုက်နာပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ထိန်းပါ

ကျန်းမာရေးနဲ့အညီ စားသောက်တာက ရင် သားတွဲမကျအောင် အပြည့်မ၀ မကာကွယ်နိုင်ပါ ဘူး။ ဒါပေမဲ့ မျှတတဲ့ အစားအသောက်စားတာက ကိုယ်အလေးချိန် အတက်အကျ မဖြစ်စေတဲ့အတွက် ရင်သားတစ်သျှူးတွေကို နောက်ထပ်ထိခိုက်မှုမဖြစ်စေတာ သေချာပါတယ်။ အဆီများတဲ့ငါး၊ အခွံမာအစေ့အဆန်၊ ထောပတ်သီး စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကို များများစားတာက အသားအရေကို ကြည့်ကောင်းစေပြီး ရင်သားတင်းရင်းစေပါတယ်။ ရေများများသောက်ရင်လည်း အသားအရေဆွဲဆန့်မှု အားကောင်းစေပါတယ်။

alignnone size-medium wp-image-61420
(၅) လိုးရှင်းလိမ်းပါ

ရင်သားကို ရေဓာတ်ပြည့်ဝစေမယ့် အစိုဓာတ်ထိန်းလိုးရှင်းလိမ်းပါ။ ဘီကီနီဝတ်ချိန်မှာ နေကာနိုင်စွမ်းရှိတဲ့ လိုးရှင်းလိမ်းရပါမယ်။

alignnone size-medium wp-image-61421
(၆) ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ

ဆေးလိပ်သောက်တာက အိုမင်းတဲ့ဖြစ်စဉ်ကို အကြီးအကျယ်ထိခိုက်စေတာကြောင့် ရင်သားတစ်သျှူးတွေရဲ့ တင်းအားကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက်တာက အရေပြားအလှအပနဲ့ ဆက်စပ်နေတဲ့ အီလက်စတင်နဲ့ ကော်လာဂျင်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် သွေးစီးဆင်းမှုကို ပိုဆိုးစေပြီး အရေပြားဆဲလ်တွေဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ရောက်ရှိမှု လျော့နည်းစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အရေးကြောင်း ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-61421
(7) ရင်သားကို နှိပ်နယ်ပေးပါ

ရင်သားကို နှိပ်နယ်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ရင်သားတစ်သျှူးတွေကို သန်စွမ်းစေပါတယ်။ ရင်သားကို အပေါ်ဘက်သို့ ပင့်တင်ပြီး နှိပ်နယ်တဲ့နည်းကို တစ်နေ့မှာ ၁၀-၁၅ မိနစ်ခန့် ပြုလုပ်ပေးပါ။ သံလွင်ဆီလိမ်းပြီး နှိပ်ပေးရင် ပိုကောင်းပါတယ်။

အကြံပြုချက်

ရင်သားတင်းရင်းစေမည့် လေ့ကျင့်ခန်းများ

alignnone size-medium wp-image-61423
(၁) ရင်ဘတ်ပင့်တင် အလေးမလေ့ကျင့်ခန်း

ရင်ဘတ်ပင့်တင် အလေးမလေ့ကျင့်ခန်းက ကြွက်သားတင်းရင်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ဒီလေ့ကျင့်ခန်းက ရင်သားကို တင်းရင်းစေပါတယ်။

ပက်လက်လှန်လှဲလျောင်းပြီး လက်ကအလေးတုံးကို မထားပါ။ လက်မောင်းတွေက လက်တံတောင်နဲ့ ၉၀ ဒီဂရီထောင့်အနေအထားနေပြီး ကြမ်းပြင်နဲ့ အပြိုင်ထားရပါမယ်။

အလေးတုံးတွေကိုတွန်းပြီး အပေါ်မြှင့်ကာ အချိန်စက္ကန့်အနည်းငယ်ခန့် ထိန်းထားပါ။

ပြီးရင် အလေးတုံးကို အောက်နှိမ့်ချပါ။
alignnone size-medium wp-image-61405
(၂) ဒိုက်ထိုးလေ့ကျင့်ခန်း

ဒိုက်ထိုးလေ့ကျင့်ခန်းက ရင်ဘတ်ကြွက်သားတွေကို တင်းရင်းစေပါတယ်။

ကြမ်းပြင်ပေါ် မှောက်ကာ လက်မောင်းတွေက ပခုံးအကျယ်ထက် ပိုချဲထားပါ။ ခန္ဓာကိုယ်က ခေါင်းကနေ ခြေဖျားအထိ ဖြောင့်တန်းနေရပါမယ်။

လက်တံတောင်ကို ဖြည်းဖြည်းချင်း ကွေးချပြီး ရင်ဘတ်နဲ့ ကြမ်းပြင်ကို ထိပေးပါ။

ခပ်ပြင်းပြင်းတွန်းပြီးမှ မူလအနေအထားအတိုင်းနေပါ။
alignnone size-medium wp-image-61406
(၃) ရင်ဘတ်ကြွက်သားလေ့ကျင့်ခန်း

ရင်ဘတ်ကြွက်သားလေ့ကျင့်ခန်းက ကိုယ်နေဟန်ကို ကြည့်ကောင်းစေပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

အားကစားဘောလုံးပေါ် ပက်လက်လှန်လှဲလျောင်းပြီး အလေးတုံးမထားပါ။

အလေးတုံးတွေကို ဦးခေါင်းထက်သို့ ပင့်တင်ပြီး အလေးတုံးနှစ်ခုကို ထိတွေ့ပါ။

လက်မောင်းတွေကို ဖွင့်ထားပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်နဲ့ အပြိုင်ထားပါ။

Most Popular

Healthy Life Ad
To Top