Healthy Life Ad
Life Style

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေမယ့် အပြုအမူများ

(၁) အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခုခု လုပ်ဆောင်ပါ။

(၂) မတ်မတ်လမ်းလျှောက်ပါ၊ ပြုံးပါ၊ စကားပြောတဲ့အခါ တခြားသူရဲ့ မျက်လုံးကို ဆုံကြည့်ပါ။

(၃) နေ့စဉ် သက်သောင့်သက်သာဇုန် (Comfort Zone) ထဲက ရုန်းထွက်ပြီး အလုပ်တစ်ခုကို လုပ်ကြည့်ပါ။

(၄) အတားအဆီးတွေကို ဖယ်ရှားနိုင်စွမ်းရှိတယ်ဆိုတဲ့ အတွေးကို အမြဲတွေးပေးပါ။

(၅) သက်သောင့်သက်သာမရှိတဲ့ အနေအထားထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် ရှင်သန်ကြီးထွားနိုင်အောင် ကြိုးစားပါ။

(၆) ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးပါ။

(၇) အကောင်းမြင်စိတ်ထားရှိပါ။

(၈) စကားကို ဖြည်းဖြည်းချင်းနဲ့ ပီပီသသ ပြောဆိုပါ။

(၉) နေ့စဉ် ဘာသာရပ်တစ်ခုခု ကျွမ်းကျင်လာအောင် လေ့လာသင်ယူပါ။

(၁၀) အောင်မြင်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် ခံစားရစေဖို့ သေးငယ်တဲ့ပန်းတိုင်လေးတွေ ချမှတ်လုပ်ဆောင်ပေးပါ။

(၁၁) နေ့စဉ် သေးငယ်တဲ့အကျင့်တစ်ခုကို ပြောင်းလဲပါ။

(၁၂) ညဘက်မှာ ကျေးဇူးတင်ရတဲ့ အရာတွေကို ချရေးပါ။

(၁၃) လုပ်ငန်းခွင်နဲ့ ကိုယ်နေတဲ့နေရာကို ရှင်းလင်းပါ။

(၁၄) လေ့ကျင့်ခန်း လုပ်ဆောင်ပါ။

(၁၅) တခြားသူတွေအပေါ် ကောင်းပေးပါ။

Most Popular

Healthy Life Ad
To Top