Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် ဗိုက်ကြောပြတ်ခြင်း

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်တာက စိုးရိမ်ရပါသလားဆရာ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်ရတာက ဗိုက်ထဲက ကလေးဆံပင်ပေါက်လို့၊ ဦးခေါင်းယားလို့၊ ကုတ်လို့ ဖြစ်ရတယ်လို့ တချို့ က ဆိုကြပါတယ်။ မှန်ပါသလားဆရာ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ဗိုက်ကြောပြတ်ရပါသလဲ၊ မဖြစ်အောင်ကော ဘယ်လိုကာကွယ်လို့ ရပါသလဲ ဆရာ။

A. ကိုယ်ဝန်ဆောင်မိခင်မှာ ဗိုက်ကြောပြတ်တာတွေ၊ အသားအရေပြောင်းလဲတာတွေ၊ အသားအရောင်ပြောင်းတာတွေ အများကြီး ဖြစ်တတ်တယ်။ အလှအပကြိုက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ သိပ်ဒုက္ခရောက်တာပေါ့။ တစ်ခါတလေကျရင် တင်းတိပ်လိုပဲ အညိုအမည်းတွေ၊ အရောင်ရင့်တာတွေ ဖြစ်ကုန်တယ်။ ဗိုက်ကြောပြတ်တာတွေ ဖြစ်လာတယ်။ တချို့ ကိုယ်ဝန်ဆောင်တွေဆိုရင် ပေါင်ကြောပြတ်တာတွေ ရှိတယ်။

“ ဒီလို ဗိုက်ကြောပြတ်တာတွေက စောစောကပြောတဲ့ ကလေးဆံပင်ပေါက်တာ၊ ကလေးဦးခေါင်းယားတာတွေနဲ့တော့ မဆိုင်ပါဘူး။ ဟော်မုန်းတွေကြောင့် ဖြစ်တာပါ။ ကလေးမွေးပြီးတဲ့အချိန်မှာ သူ့အလိုလို ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ပျောက်သွားတတ်ပါတယ်” . . .

အဲဒီလို ဗိုက်ကြောပြတ်ပြီဆိုရင် မျိုးစုံတွေ လျှောက်ပြောကြတာပေါ့။ ကလေးက ဆံပင်ထွက်လို့ ယားတာနဲ့ ကုတ်ရင်း ဖြစ်တယ်ဆိုတာတွေ . .လူတွေက သူတို့အထင်နဲ့ လျှောက်ပြောကြတယ်။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် ဗိုက်ကြောပြတ်ရတာပါ။ ဒီဟော်မုန်းတွေက ဒီကလေးမွေးဖွားဖို့ လွယ်ကူဖို့အတွက်၊ ကလေးကို ချောချောမောမော မွေးဖွားနိုင်ဖို့အတွက် ထွက်လာတာ ဖြစ်ပေမယ့် တချို့ဟော်မုန်းတွေက အသားအရေပြောင်းလဲမှုတွေ ဖြစ်စေနိုင်သလို ဗိုက်ကြောပြတ်တာ၊ အကြောတွေ အရောင်မျိုးစုံပေါ်လာတာတို့ ဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က ၀လာရာကနေ ပိန်သွားတဲ့အခါမှာလည်း အကြောတွေပြတ်တတ်တယ်။ ကိုယ်ဝန်ဆောင်ကာလကလည်း ဗိုက်က ၀ရာကနေ မွေးပြီး ပိန်သွားတော့ အကြောပြတ်တာတွေ ဖြစ်တတ်ပါတယ်။

ဒီလို ဗိုက်ကြောပြတ်တာတွေက စောစောကပြောတဲ့ ကလေးဆံပင်ပေါက်တာ၊ ကလေးဦးခေါင်းယားတာတွေနဲ့တော့ မဆိုင်ပါဘူး။ ဟော်မုန်းတွေကြောင့် ဖြစ်တာပါ။ ကလေးမွေးပြီးတဲ့အချိန်မှာ သူ့အလိုလို ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ပျောက်သွားတတ်ပါတယ်။ ဗိုက်ကြောပြတ်တာ မဖြစ်ချင်ဘူးဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ လိမ်းတဲ့ဆေးလေးတွေ ရှိပါတယ်။ တချို့ဆို သံလွင်ဆီလေးတွေ လိမ်းတာရှိတယ်။ လိမ်းလို့ရတဲ့ဆီလေးတွေကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိမ်းတဲ့နည်းနဲ့ ဗိုက်ကြောပြတ်တာမဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့ ရပါတယ်။

Most Popular

Healthy Life Ad
To Top