Healthy Life Ad
Health Tips

အသက် ၁၀၀ အထိ သက်ရှည်ကျန်းမာကြတဲ့ ဘိုးဘိုးဘွားဘွားတို့ရဲ့ အမူအကျင့်ကောင်းများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အိုမင်းခြင်းကိုတားဆီးပြီး အသက် ၁၀၀ အထိ နေနိုင်ဖို့ရာအတွက် ငွေပိုရှိဖို့ လိုသလား၊ အစားအသောက်ကို ပိုစားဖို့လိုသလား၊ အသက် ၁၀၀ အထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေရဖို့အတွက် ဘယ်လိုအချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်နေသလဲဆိုတာကို သိနိုင်အောင် အသက် ၁၀၀ အထိ နေရသူတွေကို လေ့လာပြီး နယူးအင်္ဂလန်က အောက်ပါအတိုင်း ရှင်းပြပေးထားပါတယ်။

ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက အသက် ၇ နှစ် ပိုရှည်စေနိုင်
တာဝေးပြေးပါ

ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့မှာ ၁၅ မိနစ်လောက် ချွေးထွက်အောင် လှုပ်ရှားပေးတာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ်။ ပြေးတာနဲ့ တခြားကိရိယာလွတ် လှုပ်ရှားမှုတွေကို ပူးတွဲပြီး ဆောင်ရွက်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။

alignnone size-medium wp-image-56967
အကြောလျှော့ပါ

အထိုင်များနေရင် သွေးလည်ပတ်မှုကောင်းမွန်အောင် ထပြီး လမ်းလျှောက်တာမျိုး၊ အကြောလျှော့ပေးတာမျိုးကို မှန်မှန်ဆောင်ရွက်ပေးပါ။

ကောင်းသော အာဟာရက အသက် ၅ နှစ် ပိုရှည်စေနိုင်
လျှာကို အလိုမလိုက်ပါနှင့်

လူအများစုဟာ အငန်၊ အချိုနဲ့ အဆီအအိမ့်တွေကို စားလိုက်ရမှ အရသာရှိတယ်ထင်ပြီး ကျေနပ်တတ်ကြပါတယ်။ တကယ်တော့ ဆား၊ အချိုနဲ့ အဆီအအိမ့်တွေဟာ အသက် ၁၀၀ အထိ မနေရအောင် တားဆီးပေးနေတာပါ။ ကမ္ဘာပေါ်မှာ အသက်ရာကျော်အထိ နေရသူဦးရေ အများဆုံးနေထိုင်တဲ့ အိုကီနာဝါဂျပန်ကျွန်းကို လေ့လာမှုအရ အစားအသောက်ဟာ အသက်ရှည်ရှည်နေရခြင်းမှာ ဂ၀ရာခိုင်နှုန်း အရေးပါနေပါတယ်။ ရေလုံပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီနည်းဘဲသားတွေကို အစားများတဲ့ အိုကီနာဝါကျွန်းနေသူတွေမှာ သွေးတွင်းဟိုမိုစစ်စတင်းပမာဏ ပုံမှန်
alignnone size-medium wp-image-56969
အောက်နည်းကြောင်း တွေ့ရပါတယ်။ ဟိုမိုစစ်စတင်းပမာဏ များတာဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ပဲပုပ်စေ့၊ အမည်းရောင်ချောကလက်၊ ၀ိုင်နီ၊ လက်ဖက်စိမ်း လက်ဖက်ရည် စတာတွေကို အသင့်အတင့် စားသောက်တာဟာ ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ဆေးလိပ် မသောက်သင့်ပါ

နယူးကက်ဆယ်ရဲ့အာဟာရအကြောင်း လေ့လာမှုအရ အသက်ရှည်ဖို့အတွက် အာဟာရအပြင် ဆေးလိပ်လုံးဝမသောက်ဖို့ လိုအပ်ကြောင်း သိရပါတယ်။ အရက်ကိုတော့ တစ်ခါတစ်ရံ ၀ိုင်တစ်ခွက်၊ ဘီယာတစ်ခွက် သောက်ပေးနိုင်ကြောင်း ဆိုပါတယ်။

alignnone size-medium wp-image-56970
အာဟာရတန်ဖိုးကို ကြည့်ပါ

ကယ်လီဖိုးနီးယား လေ့လာမှုတစ်ရပ်အရ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားရာမှာ ပိုပြီး အာဟာရတန်ဖိုး ရှိတဲ့အရာကို ရွေးချယ်စားသောက်သင့်ကြောင်း ဆိုပါတယ်။ ဥပမာအနေနဲ့ ကစွန်းဥအစား မုန်လာနီစားပါ။ မုန်လာဥနီမှာ ကစွန်းဥထက် ဘီတာကယ်ရိုတင်း ပါဝင်မှု နှစ်ဆပိုများပြီး အရိုးပွအန္တရာယ်ကို လျော့ကျစေပါတယ်။ လိမ္မော်သီးအစား သင်္ဘောသီးစားပါ။ သင်္ဘောသီးမှာ ဘီတာခရစ်ပတင်ဇန်သင်း ၁၅ ဆပိုပါပြီး ကင်ဆာအန္တရာယ်ကို ၃၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ရွက်လိပ်မုန်ညင်းအစား ဟင်းနုနယ်ရွက်ကို စားပါ။
alignnone size-medium wp-image-56971
ဟင်းနုနယ်ရွက်မှာ လူတင်ဓာတ် သုံးဆပိုပါဝင်တာကြောင့် အိုမင်းခြင်းကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။

သေချာကြေညက်အောင် ၀ါးစားပါ

အစားအစာစားတဲ့အခါ ဘာကိုပဲစားစား ခံတွင်းထဲမှာ ညက်ညက်ကြေအောင် ကြိတ်ဝါးပြီးမှ မျိုချတဲ့အကျင့်ကို ဆောင်ရွက်ပေးပါ။

ကျန်းမာရေးနှင့် ညီညွတ်သော ဘ၀နေထိုင်မှုပုံစံက အသက် ၁၀ နှစ် ပိုရှည်စေနိုင်
ကော်ဖီ သောက်ပါ

တစ်နေ့ကို ကော်ဖီနှစ်ခွက်ခန့် သောက်သုံးတာဟာ စိတ်ဓာတ်ကျဆင်းမှုကို လျော့ပါးစေကြောင်း အယ်လ်ဇိုင်းမားရောဂါ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

ဦးနှောက်အတွက် တွက်ချက်ပါ

သင်္ချာနဲ့ မဆိုင်တော့ဘူးလို့ မတွေးလိုက်ပါနဲ့။ ဈေးစာရင်းတွေကို ပေါင်းတာ၊ ဆုဒိုကု ပဟေဠိ အဖြေရှာတာ၊ သိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်ရှူလေ့လာတာတွေ အားလုံးဟာ ဦးနှောက်ကို အကျိုးပြုနေပါတယ်။

၁၀ နာရီခန့် မျက်လုံးမှိတ်ပါ

အနားယူချိန်တွေကို ပြည့်ပြည့်၀၀ပေးရင် အသက် ၁၀၀ အထိ နေရနိုင်ခြေ ပိုများပါတယ်။ ကောင်းကောင်းအိပ်တာဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှု လျော့ကျခြင်း၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ စတဲ့ အသက်အရွယ်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ ဖြစ်နှုန်းကို လျော့ကျစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ဒါကြောင့် တစ်ညကို ရှစ်နာရီအိပ်ပေးတာ၊ နေ့လယ်နေ့ခင်းမှာ တစ်ရေးအိပ်ပေးတာနဲ့ ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း အချိန်အနည်းငယ်ကြာ မျက်လုံးမှိတ်ကာ အနားပေးသင့်ပါတယ်။

alignnone size-medium wp-image-56972

Most Popular

Healthy Life Ad
To Top