Healthy Life Ad
Health Tips

မိန်းမကိုယ်ကျဉ်းဆေး၊ သားအိမ်ကျဉ်းဆေး၊ သားအိမ်သန့်ဆေးများအကြောင်း

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ၊—–

Q. ဆရာ . . မိန်းမကိုယ်ကျဉ်းဆေး၊ သားအိမ်ကျဉ်းဆေး၊ သားအိမ်သန့်ဆေးဆိုပြီး လိုင်းပေါ်မှာ ရောင်းနေကြတာတွေက ယုံကြည်သင့်ပါသလား။ အဲလိုဆေးနဲ့ကုရင် ကျဉ်းတာ၊ သန့်တာတွေ တကယ်ဖြစ်စေနိုင်ပါသလား။ ဒီဆေးတွေက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲ။
TTA(FB)

A. မိန်းမကိုယ်ကျဉ်းဆေး၊ သားအိမ်ကျဉ်းဆေးဆိုတာတွေက ဘာတွေပါသလဲတော့ ဆရာတို့ သေချာမသိပါဘူး။ ခန့်မှန်းရသလောက်တော့ ဓာတုဆေးဝါးလိုမျိုး ထည့်ထားရင် Fibrosis ရပြီး မိန်းမကိုယ်အရေပြား၊ အချွဲမြှေးတွေက ကျုံ့သွားတတ်ပါတယ်။ မွေးလမ်းကြောင်းက ဆရာတို့ကြားဖူးသလောက်အရ ကျောက်ချဉ်သုံးရင်တောင် ကျုံ့တယ်လို့ ကြားဖူးပါတယ်။ မိန်းမကိုယ်ရဲ့ သဘာဝက ဆွဲဆန့်နိုင်အား ရှိသင့်သလောက် ရှိပါတယ်။ ကလေးမွေးတဲ့သူတွေဆိုရင်ြွကက်သားတွေက အားလျော့သွားတော့ ပြန်မကျဉ်းနိုင်တော့ဘူး။ ပြန်ကျဉ်းဖို့ဆိုရင် ရောင်ရမ်းအောင်လုပ်ပြီး ကျုံ့အောင်လုပ်ရတယ်။ အိုဂျီတွေက ပြန်ကျဉ်းအောင်ဆိုပြီး ဥမ္မာဒန္တီအော်ပရေးရှင်းဆိုပြီး ပြန်ချုပ်ပေးပေမယ့်ြွကက်သားအားမကောင်းရင် ညှစ်အားမရှိတော့ဘူး။ ဒီသဘောမျိုးပဲ ဆေးတွေကလည်းြွကက်သားနံရံတွေ ပွန်းပဲ့ရောင်ရမ်းပြီး ကျုံ့စေတဲ့အတွက် သဘာဝမကျဘူး၊ ကျဉ်းကောင်းကျဉ်းမယ်။ ဒါကတော့ သုတေသနလုပ်ထားတာ မရှိတော့ ဆရာလည်း သေချာမပြောတတ်ဘူး။ ဒါပေမဲ့ သဘာဝအတိုင်းမဟုတ်တဲ့အတွက် ကျုံ့နိုင်/ ဆန့်နိုင်အား လျော့သွားမယ်။

နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်မလဲဆိုတာကို ပြောရမယ်ဆိုရင် အမျိုးသားတွေ ကြီးဆေးတွေ ထိုးကြတယ်ဆိုတာက သူတို့အတွက် မဟုတ်ဘူး။ အမျိုးသမီးအတွက်ထိုးတာ။ သူတို့က ဒီလိုလုပ်လိုက်ရင် ကိုယ်နဲ့ဆက်ဆံဖော်က ခံစားမှုပိုကောင်းလာမယ်လို့ထင်ပြီး ကြီးဆေးထိုးကြပေမယ့် များသောအားဖြင့် သူတို့အမျိုးသမီးတွေက ဆေးခန်းလာပြတဲ့အခါ သူတို့အဆင်မပြေဘူး၊ နာကျင်မှုတွေ ခံစားရတယ်လို့ ပြောကြတယ်။ အခုအမျိုးသမီးတွေက သူတို့မိန်းမကိုယ်ကို ကျဉ်းအောင်၊ ကျုံ့အောင် လုပ်ချင်တာကလည်း သူတို့အမျိုးသားတွေအတွက်ပဲ ဖြစ်မှာပဲ။ အမျိုးသားအတွက် အကျိုးရှိ/မရှိတော့ မသိဘူး။ အဲဒီအမျိုးသမီးကတော့ ကျုံ့နိုင်၊ ဆန့်နိုင်အား ကျသွားတဲ့အတွက် ခံစားမှုပိုကောင်းလာမှာလည်း မဟုတ်ဘူး။ အခန့်မသင့်ရင် နာကျင်မှုတောင် ဖြစ်နိုင်ပါသေးတယ်။

နောက်တစ်ခုဖြစ်တဲ့ သားအိမ်သန့်ဆေးဆိုတာတော့ လက်မခံပါဘူး။ သားအိမ်ရဲ့သဘောက အတွင်းထဲမှာ Endometrium ရှိမယ်၊ လစဉ်ဟော်မုန်း အပြောင်းအလဲနဲ့ ထူလာတယ်၊ လစဉ်ရာသီသွေးပေါ်တယ်။ ဒါက ပုံမှန်ပိုးမရှိဘဲနဲ့ သန့်စင်ပြီးသား သဘာဝဖြစ်စဉ်ပါ။ ပိုးဝင်တယ်ဆိုရင် Infection ဝင်တာဖြစ်လို့ ဆရာဝန်နဲ့ ဆေးကုရပါမယ်။ အခုရောင်းနေတဲ့ သားအိမ်သန့်ဆေးဆိုတာ သွေးများများဆင်းအောင် လုပ်တဲ့ဆေးကို ပြောတာလား စဉ်းစားစရာပါပဲ။ သဘာဝထက်လွန်ပြီး သွေးများများဆင်းတာကလည်း ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ မျိုးဆက်ပွားလမ်းကြောင်းအတွင်းထဲကို ထည့်တဲ့ ဆေးမှန်သမျှကတော့ သားအိမ်ကိုမသန့်စေပါဘူး။

ဒီဆေးတွေကို မိန်းမကိုယ်ထဲထည့်တာ၊ လိမ်းတာလုပ်တဲ့အခါ ပွတ်တိုက်မှုတွေ၊ ပွန်းတာတွေ များသွားရင်တော့ နှစ်နဲ့ချီပြီး ကြာလာတဲ့အခါ ကင်ဆာဖြစ်လာနိုင်ခြေ ရှိကောင်းရှိပေမယ့် ဒါကတော့ သေချာအထောက်အထား မရှိသေးပါဘူး။ ကွမ်းမစားပဲနဲ့တောင် ပါးစပ်တွေမှာ သွားတုကြောင့် ပွတ်ဖန်များရင် ကင်ဆာဖြစ်တတ်တာတော့ရှိတယ်။ ဒီဆေးတွေမှာ ဓာတုပစ္စည်းတွေပါရင် သုံးခါစမှာ ဘေးနားရောင်ရမ်းမှု အနည်းငယ်ဖြစ်မယ်၊ ပြီးရင် ကျုံ့စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါရင် လောင်တာ၊ နာတာ၊ စပ်တာဖြစ်မယ်။ အဲဒီအခါ အိမ်ထောင်ဖက်နဲ့ ဆက်ဆံတဲ့အခါ အခန့်မသင့်ရင် နာကျင်မှုခံစားရမယ်။ မိန်းမကိုယ်ထဲ ထည့်ပြီဆိုကတည်းက ပိုးဝင်ပြီး ဆိုးကျိုးဖြစ်ဖို့က ပိုများပါတယ်။ မိန်းမကိုယ်ထဲ ထည့်လိုက်လို့ ပိုးဝင်ရင် အဖြူဆင်းတာ၊ အနံ့အသက်မကောင်းတာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီဆေးတွေကို မသုံးစွဲခင်မှာ တတ်ကျွမ်းတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်လို့ အကြံပြုလိုက်ရပါတယ်။

Most Popular

Healthy Life Ad
To Top