Healthy Life Ad
Health Tips

မိုးတွင်းနှင့် COVID-19 ရောဂါ

——–၊ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်၊——-

Q. မိုးတွင်းကာလမှာ ကိုဗစ်နဲ့ပတ်သက်ပြီး ဘယ်လိုသတိထားသင့်ပါသလဲ ဆရာ။

A. မိုးရွာလာပြီ၊ စိုထိုင်းဆများပြီး စိုစွတ်လာတဲ့အချိန် ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ရဲ့ရှင်သန်မှုက ပိုကြာနိုင်တယ်။ ဒါကို အထူးဂရုပြုရမယ်။ အစပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ်က ရေထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်သလဲဆိုတာ မသိခဲ့ကြဘူး။ ဖြန့်ဖြူးတဲ့ရေထဲမှာ ကလိုရင်းထည့်ထားတဲ့အတွက် ဒီရေထဲမှာ ဗိုင်းရပ်စ်ရှင်သန်နိုင်တဲ့ အခွင့်အလမ်းနည်းတယ်။ ဒါကြောင့် ဖြန့်ဖြူးတဲ့ရေထဲမှာ ကိုရိုနာဗိုင်းရပ်စ်က ပါလာနိုင်စရာ မရှိဘူး။ ဒါပေမဲ့ နောက်ပိုင်းတွေ့ရှိချက်တွေအရ သောက်ရေ၊ သုံးရေထဲမှာ မပါပေမယ့် မြောင်းရေထဲမှာ ဗိုင်းရပ်စ်ရှိနေနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တစ်ခု ဖတ်လိုက်ရပါတယ်။

ဒါကြောင့် မိုးရာသီမှာ လမ်းဘေးမှာရှိတဲ့ ရေမြောင်းတွေ၊ မြောင်းရေတွေထဲမှာက နေပူထဲမှာထက်စာရင်တော့ ဗိုင်းရပ်စ်ရှင်သန်နိုင်မှု ပိုများပါတယ်။ ဘာကိုဂရုစိုက်ရမလဲဆိုတော့ အပြင်ကပြန်လာရင် လက်လည်းဆေးသလို ခြေထောက်လည်း ဆေးသင့်ပါတယ်။ မြောင်းရေနဲ့ထိတွေ့လာတဲ့ ခြေထောက်မှာလည်း ဗိုင်းရပ်စ်ကပ်ပြီး ပါလာနိုင်တယ်ဆိုတဲ့ အသိနဲ့ ဂရုတစိုက် ဆေးကြောသန့်စင်သင့်ပါတယ်။

နောက်တစ်ခုက မိုးတွင်းမှာ အဖြစ်များတဲ့ နှာစေး၊ ချောင်းဆိုး တုပ်ကွေးလက္ခဏာက ကိုရိုနာဗိုင်းရပ်စ်လက္ခဏာနဲ့ ဆင်တူတဲ့အတွက် ပိုပြီးသတိထားရပါမယ်။ အအေးမိတာက နှာရည်ယိုတာပိုများပြီး ကိုဗစ်မှာ နှာရည်ယိုတာနည်းတယ်။ တုပ်ကွေးကျတော့ ခေါင်းကိုက်၊ ကိုယ်လက်ကိုက်များတယ်၊ ကိုဗစ်က ခေါင်းကိုက်၊ ကိုယ်လက်ကိုက်တာက အဲလောက်ရာခိုင်နှုန်းမများဘူး။ မိုးတွင်းမှာတော့ ဖျားနာတာမဖြစ်အောင် အထူးဂရုစိုက်ပြီး နေထိုင်ဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top