Healthy Life Ad
Q & A

အသည်းပြန်လည်ကျန်းမာစေမည့် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. အသည်းကို ဖိုက်ဖရိုစကင်ရိုက်တော့ နည်းနည်းခြောက်ချင်သလိုပဲလို့ သိရပါတယ်။ အရက်လည်းဖြတ်ပြီးပါပြီ။ ဘီပိုး၊ စီပိုးမရှိပါဘူး။ အသည်းပြန်ကောင်းအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲ သိချင်ပါတယ် ခင်ဗျာ။
Kyaw Thu Myint (FB)

A. အသည်းခြောက်တာ စလာပြီဆိုရင် တချို့သူတွေမှာ စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့အညီ လိုက်နာရင် ပြန်ကောင်းလာနိုင်ပါတယ်။ အရက်သောက်တာကြောင့်ဖြစ်တဲ့ အသည်းခြောက်တာဆိုရင် အရက်ကိုဖြတ်ရပါမယ်။ အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အာဟာရဓာတ်တွေကို ပြည့်စုံအောင်စားလိုက်ရင် သာမန်လူတွေအတိုင်း ပြန်ကောင်းနိုင်ပါတယ်။ ဒီလိုလူတွေက ပရိုတင်းအရေးကြီးပါတယ်။ အဖြူရောင်အသားဖြစ်တဲ့ ငါးနဲ့ကြက်ဥကို အဓိက စားပေးရပါမယ်။ အသည်းခြောက်စပြုနေရင် အသားဓာတ်ကို ၅၀ ရာခိုင်နှုန်းအထိ စားခိုင်းပါတယ်။ နေ့တိုင်း အသား ၂၀ သား စားပေးပါ၊ ၂၀ သား မစားနိုင်ရင် ၁၀ သားစားပေးပါ။ ကြက်ဥ ၄ လုံး စားပေးပါ၊ တစ်လုံးကို အပြည့်အ၀စားပြီး ကျန်တဲ့ ၃ လုံးကို အကာစားပေးပါ။ ပြီးရင် နို့သောက်ပေးဖို့လည်း အရေးကြီးပါတယ်။ အဆီထုတ်ထားတဲ့ နွားနို့ကို တစ်ခွက်သောက်လို့ရပါတယ်။ အသည်းခြောက်စပြုနေရင် ကိုယ်ရဲ့စားသောက်မှုပုံစံကို သေချာဂရုစိုက်ပေးပါ။ မှိုပါတဲ့ငရုတ်သီး၊ မှိုပါနိုင်တဲ့မြေပဲဆံကြော်တွေကို ဂရုစိုက်ရှောင်ရပါမယ်။ ဆေးဆိုးထားတဲ့ အစားအသောက်တွေကို ဆင်ခြင်ရပါမယ်။ ပုံမှန်ထက်ချိုတာကို စားလို့ရပေမယ့် ဓာတုပစ္စည်းပါတဲ့ အချိုရည်ကိုတော့ သောက်လို့မရပါဘူး။

ဒီအချိန်မှာ လှုပ်ရှားမှုအနေနဲ့ တစ်ရက်အနည်းဆုံး နာရီဝက် လမ်းလျှောက်ပေးရပါမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီစားသောက်တာ၊ အရက်ဖြတ်တာတို့ လုပ်ဆောင်ရင် အနည်းဆုံး ၆ လ-၁ နှစ်ကြာတဲ့အခါ အသည်းက ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top