Healthy Life Ad
Health Tips

ဆေးခန်းပြတဲ့အခါ ကိုယ့်ရောဂါရာဇ၀င်အကြောင်းပြောရင် ဘာကောင်းကျိုးတွေ ရှိသလဲ . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ဆေးခန်းပြတဲ့သူတွေအနေနဲ့ ခွဲခြားဆက်ဆံခံရမှာစိုးလို့ ကိုယ့်ရောဂါရာဇ၀င်၊ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နိုင်ငံခြားသွားထားဖူးသလား စတာတွေကို အမှန်အတိုင်းပြောရင် ဘာကောင်းကျိုးတွေ ရှိပါသလဲ ဆရာ။

A. ဆရာဝန်ကို ကိုယ့် History ပြောခြင်းအားဖြင့် ဘာကောင်းကျိုးတွေရှိသလဲဆိုတာ တချို့သူတွေက မသိကြလို့ မပြောကြတာပါ။ ကိုယ်က History ကို မှန်မှန်ပြောပြီး ကိုယ့်ရောဂါကို စောစောစီးစီးရှာဖွေမယ်၊ စောစောစစ်ဆေးမယ်၊ စောစောကုသမယ်ဆိုရင် အများကြီး အကျိုးရှိတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါဖြစ်ခဲ့ရင် သူ့အတွက် ကုသရမယ့် ဆေးဝါးတွေကို ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီအတွက် မှန်ကန်တဲ့ ဆေးကုသမှုကို စောစောရမယ်၊ ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာပဲ ရှိနေချိန်မှာ ကုသမှုရခဲ့ရင် အဆုတ်ထဲထိမရောက်ဘဲ ကုသပျောက်ကင်းနိုင်ပါတယ်။

ကိုယ်က ရာဇ၀င်ကို သေချာမပြောဘဲနဲ့ ကြာသွားတဲ့အခါ ၃-၄ ရက်ကြာတာနဲ့ အဲဒီဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကနေ အဆုတ်ထဲအထိ ၀င်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက်ဆိုရင် ကုသမှုစောစောရမယ်၊ အသက်အန္တရာယ်က ကာကွယ်နိုင်မယ်။ ဒါက ပထမကောင်းကျိုးပါ။ ဒုတိယကောင်းကျိုးက ကိုယ်ရဲ့မိသားစုအတွက်။ ကိုယ်က စောစောပြောလိုက်ရင် ကျန်းမာရေးဝန်ထမ်းတွေက သီးသန့်ဖယ်ရှားထားမယ်။ ဒါဆိုရင် ကိုယ့်မိသားစုမှာ ကူးစက်နိုင်ခြေ အလွန်နည်းသွားပြီ။ ဒါကြောင့် ဘယ်သူမဆို ကိုယ့် History ကို မှန်မှန်ကန်ကန် ပြောခြင်းအားဖြင့် ကိုယ့်အသက်အန္တရာယ် မကျရောက်အောင်လည်း ကာကွယ်နိုင်မယ်၊ ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင် ကျန်းမာရေးကိုလည်း စောင့်ရှောက်ရာ ရောက်ပါမယ်။

Most Popular

Healthy Life Ad
To Top