Healthy Life Ad
Health Tips

အနာဂတ်မှာ သင့်ကိုယ်လုံးကိုယ်ထည်ကို ဘယ်လိုမြင်ချင်သလဲ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နယူးအင်္ဂလန်ဆေးပညာဂျာနယ်ရဲ့ လတ်တလောလေ့လာမှုတစ်ရပ်အရ နေ့စဉ် လူတစ်ယောက်ရွေးချယ်စားသုံးတဲ့ အစားအစာ အမျိုးအစားပေါ်မူတည်ပြီး နောင်လေးနှစ်အကြာမှာ သူရဲ့ကိုယ်အလေးချိန်က တက်လာမှာလား၊ ပုံမှန်ရှိနေမှာလား၊ လျော့ကျသွားမှာလားဆိုတာကို ဆုံးဖြတ်နိုင်တယ်လို့ သိရပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေနဲ့ ဒိန်ချဉ်တွေက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး ဆီကြော်စာနဲ့ အချိုစာတွေက ကိုယ်အလေးချိန်ကို တိုးစေနိုင်ပါတယ်။ အံ့သြစရာကောင်းတာက အာလူးကို ဘယ်လိုပုံစံပဲ ချက်ပြုတ်ကြော်လှော်ပါစေ၊ အချိုစာတွေထက်ပိုပြီး ကိုယ်အလေးချိန်တက်တာကို ဖြစ်စေနိုင်ပါတယ်။

ဒိန်ချဉ်ကတော့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေလိုပဲ ကိုယ်အလေးချိန်ထိန်းပေးတဲ့ အစာအုပ်စုထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် လေးနှစ်အကြာမှာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်စေဖို့ ဘယ်လိုအစာတွေက ကိုယ်အလေးချိန်ကို ဘယ်လောက်ပမာဏ တက်နိုင်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်အလေးချိန်မြင့်တက်မှုနှင့် ဆက်စပ်နေသော အစားအစာများ (လေးနှစ်အတွင်းမြင့်တက်လာနိုင်သော ကိုယ်အလေးချိန်-ပေါင်)

– အာလူးကြော် (၃ ဒသမ ၃၅ ပေါင်)

– အာလူးချောင်းကြော် (၁ ဒဿမ ၆၉ ပေါင်)

– သကြားပါသော အချိုရည် (တစ်ပေါင်)

– အနီရောင်အသား (တစ်ပေါင်နီးပါး)

– ပြုပြင်ထားတဲ့အသား (တစ်ပေါင်နီးပါး)

– ပြုတ်ထား၊ ကင်ထားတဲ့အာလူး (ပေါင်ဝတ်ခန့်)

– အချိုစာနဲ့ သရေစာ (သုညဒဿမ ၄၁ ပေါင်)

– ထောပတ် (သုည ဒဿမ ၃၀ ပေါင်)

ကိုယ်အလေးချိန် လျော့ကျခြင်းနှင့် ဆက်စပ်နေသော အစားအစာများ (လေးနှစ်အတွင်း လျော့ကျနိုင်သော ကိုယ်အလေးချိန် (ပေါင်))

– ဒိန်ချဉ် (သုည ဒသမ၈၂ပေါင်)

– အခွံမာသီး (သုည ဒသမ ၅၇ ပေါင်)

– သစ်သီးဝလံ (သုည ဒသမ ၄၉ပေါင်)

– ဆန်လုံးညို၊ ပေါင်မုန့်ညိုတို့လို အခွံချွတ်မထားတဲ့ ကောက်နှံစာ (သုည ဒသမ ၃၇ပေါင်)

– ဟင်းသီးဟင်းရွက် (သုည ဒသမ၂၂ ပေါင်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top