Healthy Life Ad
Humour

ဝန်ခံခြင်း

မင်္ဂလာဦးညမှာ သတို့သားဖြစ်သူက သူ့ခြေထောက်အနံ့ထွက်တတ်ပြီး ခြေအိတ်နံ့ အလွန်အမင်းဆိုးရွားတဲ့အကြောင်းကို ချစ်သူသက်တမ်းတစ်လျှောက်လုံး မသိအောင်ဖုံးကွယ်ထားနိုင်ပေမယ့် လင်မယားဖြစ်လာတဲ့အခါ ဖုန်းကွယ်ထားဖို့ မလွယ်တော့တဲ့အတွက် ဘယ်လိုဖွင့်ပြောရမလဲ စဉ်းစားနေပါတယ်။

သတို့သမီးဖြစ်သူကလည်း သူ့ခံတွင်းနံ့ အလွန်အမင်းဆိုးတဲ့အကြောင်း၊ အရင်က ခဏတာတွေ့ ချိန်လေးတွေမှာ အနံ့ပျောက်နေအောင် ပြုလုပ်နိုင်ပေမယ့် အခုတော့ဖုံးကွယ်ဖို့ ခက်လာပြီဖြစ်လို့ ဘယ်လိုဖွင့်ပြောရမလဲဆိုတာ တွေးတောနေပါတော့တယ်။

ယောက်ျားဖြစ်သူက ဦးစွာသက်ပြင်းချလိုက်ပြီး မိန်းမကို ပြောပါတယ်။

“ချစ်ရေ… ကိုယ့်မှာ မင်းကိုအသိပေးဖို့ လိုအပ်မယ်ထင်တဲ့ အကြောင်းအရာတစ်ခုရှိတယ်ကွာ…”

အခွင့်ရတုန်းဖွင့်ပြောမယ်လို့တွေးပြီး မိန်းမဖြစ်သူကလည်း ယောက်ျားနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး အကြည့်ချင်း ဆုံလိုက်ပါတော့တယ်။

“ချစ်လည်း ကိုသိအောင် ပြောပြထားစရာရှိ တယ် . .”

အဲဒီအခါ ယောက်ျားဖြစ်သူက အလန့်တကြားနဲ့ ချက်ချင်းပြန်မေးလိုက်တာက-
“ချစ်. . . ကိုယ့်ရဲ့ခြေအိတ်တွေကို စားထားတာတော့ မဟုတ်ပါဘူးနော် . . .”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top