Healthy Life Ad
Life Style

ကျန်းမာဖို့အတွက် အိမ်သန့်ရှင်းရေး လုပ်သင့်သည့်အကြောင်းပြချက် ၇ ရပ်

၊ လရိပ်မေ ၊

သင့်အိမ်က သန့်ရှင်းသပ်ရပ်နေရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

(၁) သင့်အိမ်ကို လာလည်မယ်လို့ ကြိုပြောမထားဘဲ ဗြုန်းစားကြီး ဧည့်သည်ရောက်လာမှာကို သင့်အနေနဲ့ စိုးရိမ်နေစရာမလိုပါဘူး။

(၂) သင့်အိမ်က သန့်ရှင်းသပ်ရပ်နေရင် သင့်ကိုလည်း သန့်ရှင်းသပ်ရပ်တဲ့သူအဖြစ် တခြားသူတွေက သတိပြုမိပါလိမ့်မယ်။ ဒါက သင့်ကိုပိုပြီးကောင်းမွန်ကာ လေးစားထိုက်တဲ့သူ တစ်ယောက်အဖြစ် စိတ်ထဲမှာ ရှိနေမှာပါ။

(၃) သင့်အခန်းက သပ်ရပ်သန့်ရှင်းနေရင် သင့်စိတ်ခံစားချက်လည်း ပိုကောင်းမွန်လာပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်လည်း ပိုကောင်းနေပါလိမ့်မယ်။ ဒါက သင့်စိတ်သန့်ရှင်းတဲ့ နည်းလမ်းလိုပဲဖြစ်နေမှာပါ။

(၄) အိမ်သန့်ရှင်းရေးလုပ်တာကြောင့် သင်ဟာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်ပြီး တက်ကြွနေတတ်ပါတယ်။ ဒီလိုလုပ်တာကြောင့် ပျင်းရိငြီးငွေ့မှု လျော့ကျသွားတတ်လို့ပါ။

(၅) အိမ်သန့်ရှင်းနေတာကြောင့် အပန်းပြေပြီး စိတ်ဖိစီးမှုကင်းကာ ပြည့်ပြည့်၀၀ အနားရနေတတ်ပါတယ်။ သီချင်းလေးဖွင့်ပြီး လိုက်ညည်းကာ အိမ်သန့်ရှင်းရေးလုပ်ပါ။

(၆) ချစ်တဲ့သူတွေနဲ့ အဝေးမှာ ရောက်ပြီး မျှော်လင့်ချက်မဲ့နေသလို ခံစားနေရတဲ့အခါတိုင်း အိမ်သန့်ရှင်း ရေးကိုလုပ်ဆောင်ပါ။ စိတ်ဓာတ်ကျမှု ကင်းဝေးစေပါတယ်။

(၇) အိမ်သန့်ရှင်းနေတာကြောင့် စိတ်ကြည်လင်လန်းဆန်းကာ အိမ်ထောင်ရှင်တွေအတွက် အိမ်ထောင်မှု သုခပြည့်ဝစေပါတယ်။
(Ref;RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top