Healthy Life Ad
Humour

စိတ္တဇလူသတ်သမားလေလား

လူတစ်ယောက် အမောတကော ချွေးသံရွှဲရွှဲနဲ့ အငှားယာဉ်ပေါ်တက်လာပြီး ကားသမားကို ပြောလိုက်သည်။

“ စိတ်ကျန်းမာရေးဆေးရုံကို အမြန်သာမောင်းပေတော့ ကားဆရာရေ . .”ခဏအကြာတွင် ခရီးသည်က ကားသမားကို ထပ်ပြောသည်။

“ ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့် လုပ်မနေပါနဲ့၊ ကားကိုသာသေချာ မောင်းပါဗျ. . . စိတ်ကျန်းမာရေးဆေးရုံမှာ သူငယ်ချင်းတွေနဲ့စုပြီး နေ့လယ်စာသွားလှူမလို့ နောက်ကျနေပြီဗျ”

“ အော် . . . အလှူသွားလုပ်မလို့လား . . . သိပါဘူး။ ရုပ်ရှင်တွေထဲကလို စိတ်ဖောက်ခါနီး ဆေးရုံပြေးတယ်ထင်လို့ ဟီး . . ဟီး”

Most Popular

Healthy Life Ad
To Top