Healthy Life Ad
Humour

အချိန်ပိုဆင်းနေရသူတွေ

အချိန်ပိုဆင်းရမည်ဟုဆိုကာ အပြင်ထွက်သွားသောယောက်ျားကို မိန်းမဖြစ်သူက မသင်္ကာသဖြင့် နောက်ယောင်ခံလိုက်ကြည့်လေသည်။ ထင်သည့်အတိုင်းပင် ရုံးမသွားဘဲ ကာရာအိုကေ ဆိုင်ထဲဝင်သွားသည်ကို တွေ့ရလေသည်။ထိုအခါ အနီးအနားတွင်ရှိသော ခန္ဓာကိုယ်ထွားထွားနဲ့ ခပ်ကြမ်းကြမ်းရှိမည့် အမျိုးသမီးကြီး တစ်ယောက်ကို အကူအညီတောင်းလေသည်။

“အစ်မကြီး… ကျွန်မယောက်ျား ဟိုရှေ့က ဆိုင်ထဲဝင်သွားလို့ ၀င်ခေါ်ပြီး ဒီလမ်းကြားထဲကို ဆွဲခေါ်ခဲ့ပေးပါလားရှင်… အစ်မတောင်းဆိုသလောက်ပေးပါ့မယ်…”

“ရတယ်လေ… ဘယ်လိုပုံစံလဲ၊ ဘာရောင် ၀တ်ထားတာလဲ ပြော…”

ဆိုင်ထဲသို့ လိုက်ဝင်သွားပြီး ခဏကြာတဲ့အခါ အော်ဟစ်ရုံးကန်နေတဲ့ အမျိုးသားတစ်ယောက်ကို နားရွက်ကနေဆွဲပြီး လမ်းကြားထဲသို့ ခေါ်လာလေသည်။

“ ဟင်… ဒါ ကျွန်မယောက်ျားမဟုတ်ဘူး ရှင့်”

“အေးသိတယ်… သူ့ကိုခဏ ကြည့်ထား လှုပ်တာနဲ့ ဘေးက ခဲနဲ့သာထုပြစ်လိုက်… ဒါ ငါ့ ယောက်ျားပဲ… နင့်ယောက်ျားကိုထပ်သွားရှာလိုက်ဦးမယ်…”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top