Healthy Life Ad
Humour

ပန်းသီးကြောင့်ဖြစ်မှာပါ

သူနာပြုဆရာမလေးက သွေးပေါင်ချိန်ရန်နှင့် လူနာအခြေအနေစစ်ဆေးရန် လူနာအခန်းထဲ ၀င်လာသည်။ လူနာကုတင်ဘေးရှိ စားပွဲပေါ်တွင် ပန်းသီးများတင်ထားသည်ကိုတွေ့ပြီး လူနာကိုစကားစမြည်ပြောလေသည်။

“တစ်နေ့ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ဝေးဝေး နေရတယ်ဆိုတဲ့ ဆိုရိုးစကားလေးသိလား….”

“ဟုတ်ကဲ့သိပါတယ်… ဒီစကားက အရမ်းကိုလည်း မှန်ပါတယ်…”

“ပြောပါဦး အစ်ကို့ရဲ့အတွေ့အကြုံလေး”

“ဆေးရုံတက်ပြီးထဲက ဆရာဝန်ကတစ်ခေါက်ပဲ လာကြည့်ပြီး မတွေ့တော့တာ ၃ရက်ကျော်နေပြီ…”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top