Healthy Life Ad
Humour

မတိကျတဲ့ ဆရာဝန်ကြောင့်ပါ

အပေါင်းအသင်းတွေနဲ့ လျှောက်သွားပြီး ညဥ့်နက်မှ ပြန်လာတဲ့ ယောက်ျားကို မိန်းမက ဆူပူနေသည်။

“ ဆရာဝန်က ရှင့်ကို စိတ်ဖိစီးမှုလျော့အောင် တစ်ပတ်ကို တစ်ရက် အပေါင်းအသင်းတွေနဲ့ ထွက်လည်ပါလို့ ပြောလို့ ခွင့်ပြုထားတာ၊ ဘာဖြစ်လို့ တစ်ပတ်လုံးလုံး နေ့တိုင်းအပြင် သွားနေတာလဲ ပြောပါ ဦး”

“ ဆရာက တစ်ပတ်ကို တစ်ရက်ပဲထွက်ရင်ရတယ် ပြောပေမယ့် ဘယ်နေ့ကို ထွက်ရမှာလဲ သေချာမှ မပြောလိုက်တာ. . . ဆရာထွက်စေချင်တဲ့ ရက်နဲ့ လွဲမှာစိုးလို့ နေ့တိုင်းထွက်ပေးနေရတာဟ. . .”

Most Popular

Healthy Life Ad
To Top