Healthy Life Ad
Health Tips

မျက်နှာ အရေပြား တင်းရင်းစေမည့် လေ့ကျင့်ခန်း

ဇွန်

a1

(၁) နှုတ်ခမ်းသားသန်စွမ်းစေမည့် လေ့ကျင့်ခန်း
နှုတ်ခမ်းကို စုပြီး မှုတ်လိုက်ပါ။ လေးကြိမ်လောက်လုပ်ပါ။ ပြီးရင် နှုတ်ခမ်းပေါ်ကို လက်ချောင်းနှစ်ချောင်းနဲ့ ဖိပေးပါ။ သုံး-လေးကြိမ် လုပ်ပါ။

a2

(၂) အရေးကြောင်း ပြေလျော့စေမည့် လေ့ကျင့်ခန်း
မျက်တောင်မခတ်ဘဲ မျက်စိကို ဖွင့်ထားပြီး မျက်ခုံးကို အချိန် ၅-၁၀ စက္ကန့်လောက် ပင့်ထားပေးပါ။ လေးကြိမ်လောက်လုပ်ပါ။

a3

(၃) ပါးပြင်နှင့် နှုတ်ခမ်းသားတင်းရင်းစေမည့် လေ့ကျင့်ခန်း
နှုတ်ခမ်းတွေကိုဖွင့်ပြီး ပြုံးပါ။ ပြီးရင်နှုတ် ခမ်းကို စုပ်ပြီး စုလိုက်ပါ။ ငါးကြိမ်လောက် လုပ်ပေးပါ။

a4

(၄) မျက်နှာပင့်တင်ပေးသည့် လေ့ကျင့်ခန်း
ရယ်ပြီး နှုတ်ခမ်းနဲ့ နှာခေါင်းကြား တွန့်ရာပေါ်တဲ့အထိ လက်ချောင်းထပ်နဲ့ဖိပေးပါ။ ကြွက်သားကို မြှင့်ပြီးအဲဒီနေ ရာပေါ်လက်ချောင်းထိပ်နဲ့ ဖိလိုက်ပါ။ အကြိမ် ၂၀ လောက်လုပ်ပါ။

a5

(၅) မျက်နှာတင်းအားလျော့စေမည့် လေ့ကျင့်ခန်း
လျှာထုတ်ပြီး မျက်နှာ ကြွက်သားအားလုံးကို ဆွဲဆန့်တာကြောင့် တင်းအားပြေလျော့စေပါတယ်။ နှာခေါင်းကနေ အသက်ရှူ ကာလက်သီးဆုပ်ရင်း မျက်နှာကြွက်သားတွေကို ကျုံလိုက်ပါ။ ပြီးရင် ပါးစပ်ကနေ အသက်ရှူထုတ်ရင်း လျှာကိုပါထုတ်ပါ။ မျက်စိကိုပြူးပြီး လက်ဖ၀ါးတွေကို ဖြန့်ထုတ်လိုက်ပါ။ သုံးကြိမ်ပြုလုပ်ပါ။

a6

(၆) မျက်နှာသွေးလှည့်ပတ်မှု ကောင်းစေမည့် လေ့ကျင့်ခန်း
နှာခေါင်းကနေ အသက်ရှူပြီး ကြိတ်ဝါးတဲ့အသံလုပ်ကာအဲဒီ အသံကို ထပ်ခါထပ်ခါလုပ်ရင်း နှာခေါင်းကနေ အသက်ရှူထုတ်လိုက်ပါ။ လေးကြိမ်လောက် လုပ်ပေးပါ။

Ref; HD

Most Popular

Healthy Life Ad
To Top