Healthy Life Ad
Health Tips

နှုတ်ခမ်းသားညိုမည်းနေလျှင် . .

နှုတ်ခမ်းသားညိုမည်းတဲ့အခါ ပန်းနုရောင်သမ်းပြီး ကြည့်ကောင်းလာစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

– လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်စတာတွေကြောင့် နှုတ်ခမ်းသားမည်းတတ်တဲ့အတွက် လက်ဖက်ရည်၊ ကော်ဖီကို တတ်နိုင်သမျှလျှော့ပြီး ဆေးလိပ်ကိုရှောင်ပါ။

– ဗက်ဆလင်း (Vaseline) အလှဆီကို ပုံမှန်လိမ်းပေးပါ။ သံလွင်ဆီကိုလည်း လိမ်းနိုင်ပါတယ်။

– သံပရာရည်ကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။

– နှုတ်ခမ်းနီဆိုးတဲ့အခါ နေရောင်ကာကွယ်တဲ့ နှုတ်ခမ်းနီဆိုးပေးပါ။

– နှုတ်ခမ်း မကိုက်ပါနဲ့။ နှုတ်ခမ်းကို လျှာနဲ့မလျက်ပါနဲ့။ နှုတ်ခမ်းသားခြောက်နေရင် သွားတိုက်တံနုနုနဲ့ နှုတ်ခမ်းသားကို ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

Most Popular

Healthy Life Ad
To Top