Healthy Life Ad
Health Tips

ပျိုမေတို့ ကျန်းမာလှပစေဖို့ အနည်းဆုံး တစ်နေ့ တစ်မျိုး ထည့်သွင်းစားသင့်သည့် အရာများ . . .

လရိပ်မေ

– အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်တဲ့အပြင် ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်ရင် ဆိုးကျိုးကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် အရေပြား ကျန်းမာရေးတင်မက လှပကြည့်ကောင်းနေစေဖို့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အစာတွေကို တစ်နေ့တစ်မျိုး ပါဝင်အောင် ထည့်သွင်းမှီဝဲသင့်ပါတယ်။

(၁) ထောပတ်သီး
a1
– ထောပတ်သီးမှာ ပါဝင်တဲ့ မရှိမဖြစ်ဆီနဲ့ ဗီတာမင်ဘီ အုပ်စုဟာ အသားအရေကို အားဖြည့်ပေးပြီး ကျန်းမာစေပါတယ်။ ထောပတ်သီးကို ကြိတ်ချေပြီး မျက်နှာအသားအရေပေါ် လိမ်းပေးရင် ပေါင်းတင် ထားသလို မျက်နှာကို ချောမွေ့လှပစေပါတယ်။

(၂) ကိုကိုးမှုန့်
a2

– အမည်းရောင် ချောကလက် ပြုလုပ်ရာမှာ ပါဝင်တဲ့ ဖလေဗနော အင်တီအောက်ဆီးဒင့်ဟာ အသားအရေ ကြမ်းတမ်းမှုကို လျော့ပါးစေပြီး နေရောင်ခြည်ကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရ ဖလေဗနော ၃၂၆ မီလီဂရမ် အားဖြည့်ထားတဲ့ ကိုကိုးဖျော်ရည် သောက်ရင်လည်း အသားအရေကို ကြည့်ကောင်းစေပြီး ခရမ်းလွန် ရောင်ခြည်ဒဏ် ခံနိုင်ရည် ရှိစေပါတယ်။

(၃) အုန်းဆီ
a3

– အုန်းဆီမှာ ကောင်းမွန်တဲ့ အဆီ ပါဝင်တဲ့အတွက် အသားအရေကို စိုပြည်စေပါတယ်။

(၄) လက်ဖက်စိမ်းလက်ဖက်ရည်
a4

– လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် အရေပြားနီမြန်းမှု၊ ရောင်ရမ်းမှုနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်မှုတွေကို လျော့ပါးစေပြီး ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅) သရက်သီး
a5

– သရက်သီးမှာ အရေပြားဆဲလ်တွေကို ပြန်လည် ထိန်းသိမ်းပေးနိုင်ဖို့ လိုအပ်တဲ့ ဗီတာမင် ၈၀ ရာခိုင်နှုန်းကျော် ပါရှိပါတယ်။

(၆) မှို
a6

– မှိုမှာ ဗီတာမင် B 12 ပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ တစ်သျှူးတွေကို သိသိသာသာ ပြန်လည် ပြုပြင် ပေးနိုင်ပါတယ်။

(၇) ဗီတာမင်စီ ပါဝင်မှုများသည့် အစာများ
a7

– ဗီတာမင်စီက အအေးမိဝေဒနာကို တွန်းလှန် ပေးနိုင်ရုံသာမက အင်တီအောက်ဆီးဒင့် ဖြစ်တဲ့အတွက် ဖရီးရယ်ဒီကယ်လ်ကြောင့် ထိခိုက်မှုကို နှေးစေပါတယ်။ လေ့လာမှု အသစ်အရ ဗီတာမင်စီက ဖရီးရယ်ဒီကယ်လ်ကို ဓာတ်ပြယ်စေရုံသာမက ဒီအင်န်အေ ထိခိုက်မှုကို တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီးနဲ့ မာလကာသီးတွေမှာ ဗီတာမင်စီ ပါဝင်မှုများပါတယ်။

(၈) ကမာကောင်
a8

– ကမာကောင်မှာ ဇင့်(သွပ်)ဓာတ် ပါဝင်တဲ့အတွက် အရေပြားလျော့တွဲမှု မဖြစ်အောင် တွန်းလှန် ပေးနိုင်ပြီး အသားအရေကို ဆွဲဆန့်နိုင်စွမ်း ကောင်းစေပါတယ်။

(၉) အနီရောင်နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
a9

– ခန္ဓာကိုယ်က ဘီတာကယ်ရိုတင်းကနေ ဗီတာမင်အေ အဖြစ် ကူးပြောင်းတဲ့အတွက် ဆဲလ်ထိခိုက်မှု နဲ့ အရွယ်မတိုင်မီ အိုမင်းမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဘီတာကယ်ရိုတင်းပါဝင်တဲ့ အနီရောင် ငရုတ်ပွသီးနဲ့ အစိမ်းရောင် ဟင်းနုနယ်ရွက်တို့ကို စားပေးပါ။

(၁၀) ၀ိုင်နီ
a10

– ပိုလီဖီနောဓာတ် အပြည့်အ၀ပါတဲ့ ၀ိုင်နီဟာ ဆဲလ်ဓာတ်တိုးမှု မဖြစ်စေတဲ့အတွက် အသားအရေ ကို နုပျိုစေတာ ဖြစ်ပါတယ်။

(၁၁) ကန်စွန်းဥ
a11

– ကန်စွန်းဥမှာ ဗီတာမင်အေများများ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဆဲလ်အသစ် ဖြစ်နှုန်းကို မြန်စေပါတယ်။

(၁၂) ကောက်နှံတစ်ခုလုံးစာ
a12

-ပြုပြင်ထားတဲ့ ကောက်နှံစာတွေ စားရင် အင်ဆူလင်မြင့်တက်စေပြီး ၀က်ခြံဖြစ်စေပါတယ်။ ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်အစား ကောက်နှံတစ်ခုလုံး အစာ (ဥပမာ ဆန်လုံးညို၊ ခေါက်ဆွဲညို) စတာတွေ ကို ပြောင်းစားတာကြောင့် ကျန်းမာစေရုံသာမက အသားအရေကိုပါ ကြည့်ကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top