၊ ကိုထက် ၊ နေ့စဉ် ယောဂကျင့်တာကြောင့် သုက်ပိုးအရည်အသွေးကို သိသိသာသာ မြင့်တက်စေနိုင်တယ်လို့ အိန္ဒိယဆေးစင်တာအရသိရပါတယ်။ လေ့လာမှုအရ သုက်ကောင်ရဲ့ လုပ်ငန်းဆောင်တာ ချို့ယွင်းရတာဟာ ဒီအင်န်အေထိခိုက်မှုကြောင့်ဖြစ်ပါတယ်။ သုက်ပိုးဒီအင်န်အေထိခိုက်တာကြောင့် မျိုးအောင်နိုင်စွမ်းလျော့နည်းတာ၊ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးမွေးတာတွေ ဖြစ်စေနိုင်ပါတယ်။ သုက်ပိုးဒီအင်န်အေထိခိုက်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကလည်း...
လရိပ်မေ ယောဂ ပုံမှန်ကျင့်တာကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းတွေကို သိသိသာသာ ကောင်းမွန်စေပြီး ကျန်းမာကာ ခန္ဓာကိုယ် ဟန်ချက်ညီစေပါတယ်။ ယောဂစကျင့်မယ်သူတွေအတွက် လွယ်ကူထိရောက်တဲ့ နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။ (၁) တြိဂံပုံကျင့်စဉ် ဒီကျင့်စဉ်က တစ်ကိုယ်လုံးကို အလုပ်လုပ်ဖြစ်စေပြီး ဆွဲဆန့်နိုင်အားနဲ့ သန်စွမ်းမှုအားကောင်းစေပါတယ်။...
၊ လရိပ်မေ ၊ ယောဂဆိုတာ စိတ်နဲ့ခန္ဓာကို အားဖြစ်စေပြီး ပျော်ရွှင်တက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်လာအောင်ပံ့ပိုးပေးတဲ့ ကျင့်စဉ်ပဲဖြစ်ပါတယ်။ ယောဂကျင့်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ (၁) ခံစားနားလည်နိုင်စွမ်း မြင့်တက်ခြင်း ကိုယ့်မှာပိုင်ဆိုင်တဲ့အရာကို တန်ဖိုးထားတတ်ရင် ဘဝက နေပျော်ပါတယ်။ အဲဒီလိုနေပျော်တဲ့...
၊ ငွေကြယ်စင်ယံ ၊ ဒီနေ့မှာ လူအများစုဟာအထိုင်များတဲ့နေထိုင်မှုပုံစံကြောင့် လှုပ်ရှားမှုနည်းပြီး အဝလွန်နေကြပါတယ်။ အဝလွန်တယ်ဆိုတာ ခန္ဓာကိုယ်မှာ အဆီပိုတွေစုဆောင်းနေတာ ဖြစ်ပြီး ကျန်းမာရေးဆိုးကျိုး သက်ရောက်စေနိုင်ပါတယ်။ အဝလွန်တာကြောင့် ဘဝသက်တမ်းလျော့ကျသလို ကျန်းမာရေးပြဿနာတွေလည်း မြင့်တက်စေနိုင်ပါတယ်။ ယောဂကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ပေါ့ပါးသွက်လက်စေနိုင် ယောဂကျင့်တာကြောင့် နှလုံးနဲ့ အဆုတ်ဆီ...
၊ လရိပ်မေ ၊ – သက်လုံကောင်းပြီး သန်စွမ်းစေပါတယ်။ – ခန္ဓာကိုယ်ဟန်ချက်ညီမျှစေပြီး သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်။ – ခါးအောက်ပိုင်း၊ တင်ပါး၊ ရင်ဘတ်၊ ကျောပြင်၊ လည်ပင်းနဲ့ပခုံးတွေ တောင့်တင်းနာကျင်မှုကို ပြေလျော့သက်သာစေပါတယ်။ – အာရုံကြောစနစ်ကို ငြိမ်းအေးစေပါတယ်။...
၊ ကိုထက် ၊ နေခြည်နုနုဖြာကျနေတဲ့ နံနက်ခင်းအချိန်မှာ ဒီယောဂကျင့်စဉ်ငါးရပ်ကို ကျင့်ပေးမယ်ဆိုရင် တစ်နေ့တာလုံး စိတ်ခွန်အားပြည့်ဝစေပါတယ်။ (၁) နေရောင်ခြည်ကို နှုတ်ဆက်သည့်ကျင့်စဉ် မနက်အိပ်ရာနိုးနိုးချင်း အပြင်ထွက်လိုက်ပါ။ နံနက်ခင်းနေ ခြည်နုနုအောက်မှာ မတ်တပ်ရပ်ပြီး ကောင်းကင်ကို လက်နှစ်ဖက်ဆန့်တန်းကာ နှုတ်ဆက်လိုက်ပါ။ ပြီးရင် တစ်ကိုယ်လုံးကို...
၊ သဒ္ဒါထက် ၊ ယောဂကျင့်တာကြောင့် စိတ်ခံစားမှုကောင်းမွန်ပြီး ကိုယ်နေဟန်ကြည့်ကောင်းကာ စိတ်ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။ ယောဂကျင့်စဉ်က နေ့စဉ်ဘဝမှာ အရေးပါတဲ့ ကျင့်စဉ်ဖြစ်ပြီး ပင်လယ်ကမ်းခြေနဲ့ နေသာတဲ့နေရာမှာ ၁၅ မိနစ်လောက်ကျင့်ပေးရင် ကိုယ်နေဟန်ကို လှပစေမှာဖြစ်ပါတယ်။ – လင်းပိုင်ပုံကျင့်စဉ် ယောဂဖျာပေါ်မှောက်အိပ်ပြီး လက်မောင်းနှစ်ဖက်ဆန့်တန်းကာ...
ကိုထက် အပူဒဏ်ခံနိုင်စေမယ့် ယောဂကျင့်စဉ်တွေကို ကျင့်ကြည့်ရအောင်။ (၁) တောင်တန်းဘေးစောင်းကျင့်စဉ် ကြမ်းပြင်ပေါ် မတ်မတ်ရပ်ပြီး ခြေချောင်းတွေ ကိုဖြန့်ထားပါ။ ပြီးရင် တင်ပါးအရိုးကို မြှင့်ပြီး တင်ပဆုံကြွက်သားတွေကို တည်ငြိမ်အောင်ထားပါ။ လက်မောင်းတွေကို ဦးခေါင်းအထက်မြှင့်ပြီး လက်ဖဝါးနှစ်ခုကိုယှက်ပါ။ အသက်ရှူသွင်းပြီး ဘေးဘက်ကို စောင်းလိုက်ပါ။ ပြီးရင်...
၊ မိုးမင်းထွန်း ၊ (Ref;TS) ကိုယ်ခန္ဓာပုံစံအမျိုးမျိုးနဲ့ ယောဂကျင့်ရတာ အသက်ပြင်းပြင်းရှူရတာတွေအတွက် ငြီးငွေ့နေရင်မတူကွဲပြားတဲ့ယောဂလေ့ကျင့်ခန်းတွေကို စိတ်ဝင်စားမိမှာပါ။ တချို့ကခပ်ပြင်းပြင်းယောဂအမျိုး အစားတွေကို ရွေးချယ်ကြပြီး တချို့ကတော့မိုးပေါ်ခြေထောက်ထောင်ရတဲ့ ယောဂကျင့်စဉ်ကိုနှစ်သက်ကြပါတယ်။ မတူညီတဲ့ပုံစံ စမ်းသပ်ချင်သူတွေအတွက် အမေရိကန်ပြည်ထောင်စုမှ ယောဂကျင့်နည်းတစ်ခုက စိတ်ဝင်စားစရာပါ။ အိုရီဂွန်မှာရှိတဲ့ ယောဂစင်တာတစ်ခုက စိတ်လန်းဆန်းပြီး...
၊ လရိပ်မေ ၊ လေ့လာမှုစစ်တမ်းအရ လူ ၄၀ ရာခိုင်နှုန်းခန့်ဟာ သူတို့ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ခါးနာဝေဒနာရတတ်တယ်လို့ သိရပါတယ်။ ယောဂကျင့်စဉ်တွေကို ပုံမှန်လုပ်ဆောင်ပေးရင် ခါးနာဝေဒနာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျင့်စဉ် (၁) ထိုင်ခုံတစ်လုံးပေါ်မှာ ညာဘက်ခြေထောက်ကို ကွေးတင်ပါ။ ပေါင်က...