မျက်နှာပေါ်မှာ ဝက်ခြံအဖုအပိမ့်ထွက်တာက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသလို ကြည့်ရဆိုးပါတယ်။ တကယ်လို့ အရေးကြီးအခမ်းအနားတွေကို သွားစရာရှိနေချိန်မှာ ဝက်ခြံအဖုအပိမ့်တွေ အများကြီးထွက်လာရင် ပိုပြီးစိတ်ရှုပ်ရပါတယ်။ အထူးသဖြင့် မေးစေ့မှာ ဝက်ခြံပေါက်လာရင် စကားပြောရတာ၊ ပြုံးရတာတောင် အဆင်မပြေ ဖြစ်ရတတ်ပါတယ်။ ဝက်ခြံမဖြစ်စေဖို့ ကောင်းမွန်တဲ့အသားအရေ ထိန်းသိမ်းမှု၊ ကျန်းမာရေးနဲ့...
စူး (ဆေးဝါးတက္ကသိုလ်) အရေပြားက လူ့ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အရေပြားက လူ့ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အရေပြားက ကိုယ်အပူချိန်ကို ချိန်ညှိခြင်း၊ အပူအအေး ဆန်းစစ်ခြင်းနဲ့ လူ့ခန္ဓာကိုယ်ကို ပြင်ပကူးစက်ပိုးတွေနဲ့ ရောဂါတွေမကျရောက်အောင် ကာကွယ်ခြင်း စတဲ့နည်းတွေနဲ့...
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) အရွယ်ရောက်ချိန်မှာ ပေါက်တဲ့ဝက်ခြံက တော်တော်နဲ့မပျောက်ဘူးဆိုတာမျိုး သင်ကြားဖူးမှာပါ။ ဝက်ခြံနဲ့ပတ်သက်တဲ့ ဒီလိုအယူအဆတွေက အမှန်လား၊ ကောလာဟလ သက်သက်ပဲလားဆိုတာ သိစေဖို့ အရေပြားအထူးကု ဆရာဝန်တွေရဲ့ အကြံပြုပြောဆိုချက်တွေကို ရေးသားလိုက်ရပါတယ်။ အယူအဆ (၁) အရွယ်ရောက်ချိန် ပေါက်တဲ့ဝက်ခြံက ဆယ်ကျော်သက်ဝက်ခြံနဲ့ ကုသနည်း...
Q. ဘာကြောင့် ရေယုန်ပေါက်ရပါသလဲ ဆရာ။ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း A. Herpes Simplex ဗိုင်းရပ်စ်အမျိုးအစားကြောင့် ရေယုန်ပေါက်ရတာပါ။ ရေယုန်မှာ အမျိုးအစား (၁) ရေယုန်၊ အမျိုးအစား (၂) ရေယုန် စသဖြင့်ရှိသလို ဆင်ရေယုန်ဆိုပြီးလည်း ရှိပါတယ်။...
လရိပ်မေ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ MTVတွေ၊ အွန်လိုင်းကြော်ငြာတွေ ရိုက်ကူးဖြစ်နေတဲ့ ပြည့်ဝတီမောင်ရဲ့ ကျန်းမာရေးနဲ့ အသားအရေထိန်းသိမ်းမှုတွေကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။ “ညီမအနေနဲ့ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Skin Care ကို သေချာသုံးပါတယ်။ ရေများများသောက်ဖြစ်ပါတယ်။ အသီးအနှံများများ စားဖြစ်ပါတယ်။ အရင်က အစားအသောက်အနေနဲ့...
လရိပ်မေ ဗြိတိန်မင်းသမီး ကီရာနိုက်တလေက အသားအရေထိန်းနည်း၊ အပန်းဖြေခြင်း စတာတွေနဲ့ပတ်သက်ပြီး သူ့အကြောင်း မျှဝေထားပါတယ်။ ဘယ်လိုအပန်းဖြေလေ့ရှိပါသလဲ ကလေးငယ်ရှိတဲ့အတွက် အပန်းဖြေဖို့ အချိန်မရှိသလောက်ပါပဲ။ သူအိပ်တဲ့အချိန်ဆိုရင်တော့ ဝိုင်တစ်ခွက်နဲ့ အပန်းဖြေတာပေါ့။ ရေစိမ်ကန်ထဲ ရေစိမ်ချိုးရင်းနဲ့ အပန်းဖြေပါတယ်။ မိတ်ကပ်ကို ဘယ်လိုလိမ်းပါသလဲ အလုပ်အတွက် လိုအပ်မှပဲ...
– လရိပ်မေ အလှအပဆိုင်ရာ လျှို့ဝှက်ချက်က သင့်အိမ်က မီးဖိုချောင်ထဲမှာရှိတယ်ဆိုတာ သိပါသလား။ ခရီးက ပြန်လာချိန်မှာ အသားအရေတွေ ပျက်စီးနွမ်းနယ်နေရင် ဒီလိုသဘာဝပစ္စည်းတွေကိုသုံးပြီး အသားအရေထိန်းသိမ်းပြုပြင်မှုတွေကို လုပ်သင့်ပါတယ်။ – သခွားသီးကပ်ခြင်း ခရီးကပြန်လာလို့ ပင်ပန်းနေချိန်မှာမျက်ကွင်းညိုပြီး မျက်လုံးတွေညောင်းညာနေရင် သက်သာစေဖို့ သခွားသီးကို ပါးပါးလှီးပြီး...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အရေပြားထဲစိုက်ဝင်နေတဲ့ ပြင်ပပစ္စည်း အပြင်ကိုထွက်သွားစေဖို့ အောက်ပါ ရှေးဦးကုထုံးကိုသုံးပါ။ – လက်ကို ဆေးပါ။ ပြီးရင် ဖြစ်တဲ့အရေပြားနေရာတစ်ဝိုက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးပါ။ – အရေပြားထဲဝင်နေတဲ့ သစ်သားစ၊ ဖန်စ၊...
– မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ကိုရီးယားလှပျိုဖြူတွေက အသက်ကြီးလာရင်တောင် အသားအရေတင်းတင်းရင်းရင်းနဲ့ ကြည့်ကောင်းနေကြဆဲပါပဲ။ အသက် ၅၀ အရွယ်တွေကို ကြည့်လိုက်ရင်လည်း အသက် ၃၀ အရွယ်လောက်လို့ ထင်ရတာကြောင့် သူတိုရဲ့အသားအရေထိန်းနည်းတွေကို မျှဝေလိုက်ပါတယ်။ (၁) အဆင့်ဆင့် သန့်စင်ခြင်း မျက်နှာကို အရင်ဆုံး...
မေး ။ လူအများနဲ့ ရောနေရပါတယ်။ တချို့က ဝဲပေါက်တဲ့သူပါတယ်။ အဲဒါ ဝဲမပေါက်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။ ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ ဝဲမပေါက်အောင် ကာကွယ်သင့်တဲ့ နည်းလမ်းတွေကတော့- တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ရပါမယ်။ အဝတ်အစား၊...