၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) သင်က ကိုယ်ဝန်ဆောင်နေပြီဆိုရင် သင့်ကျန်းမာရေးအတွက်သာမက သင့်ဗိုက်ထဲက သန္ဓေသားရဲ့ ကျန်းမာရေးအတွက်ပါ ဂရုစိုက်ရပါတော့မယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆော်ဒါအချိုရည်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ရေငတ်ပြေစေရုံသာမက ခန္ဓာကိုယ်ကို အားပြည့်စေတဲ့ အရည်တွေကို ရွေးချယ်...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) တချို့ဇနီးမောင်နှံတွေမှာ ကိုယ်ဝန်ရဖို့ လွယ်ပေမယ့် တခြားသူတွေအတွက်တော့ ဆေးပညာ အကူအညီ လိုအပ်နိုင်ပါတယ်။ မျိုးအောင်ပြီး သန္ဓေတည်နိုင်ဖို့ရာအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံက အရေးပါတယ်လို့ သားဖွားမီးယပ်အထူးကု ဆရာဝန်တွေက အကြံပြု ထားပါတယ်။ (၁)...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံမှ အယ်လီဆန်ဒန့်က အသက် ၁၉ နှစ်အရွယ်မှာ သမီးလေးကိုင်လီကို မွေးဖွားခဲ့ပြီး နောက် သူရဲ့သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ဆဲလ် တွေကို တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေက ဒန့်ရဲ့ သားအိမ်ခေါင်းအစိတ်အပိုင်းတချို့ကို ဖယ်ရှားပေးခဲ့ပြီး နောက်ထပ် ကလေးမွေးနိုင်မှာ မဟုတ်တော့ဘူးလို့...
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ရင်သော်လည်းကောင်း၊ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ရှူမိရင်သော်လည်းကောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အပေါ်သက်ရောက်မှု ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက်တာ ဒါမှမဟုတ် ဆေးလိပ်ငွေ့ရှူရှိုက်ရတာကြောင့် မိခင်မှာ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့- – ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲရှိပါတယ်။ – ကိုယ်ဝန်ဆောင်စဉ် အချင်းစောစောကွာကျနိုင်ပါတယ်။ – သားအိမ်ထဲက...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ကိုယ်ဝန်ရရှိအောင် ကြိုးစားနေတဲ့ သင့်အတွက် သင်စားနေကျ အစားအသောက်တွေက သင်ရဲ့မျိုးအောင်နိုင်စွမ်းကို သက်ရောက်မှုရှိပြီး မြန်မြန်ကိုယ်ဝန်ရရှိစေပါတယ်။ (၁) ကြက်ရိုးစွပ်ပြုတ် ကြက်ရိုးစွပ်ပြုတ်ဟာ သင့်ကိုမြန်မြန် ကိုယ်ဝန်ရရှိအောင် ကူညီပေးပါတယ်။ ကြက်ရိုးစွပ်ပြုတ်ထဲ ရှလကာရည်အနည်းငယ် ထည့်သောက်ရင် ကြက်ရိုးထဲက...
– ကိုယ်လက်လှုပ်ရှားမှု တစ်နေ့ မိနစ် ၃၀ လောက် လမ်းလျှောက်ပေးပါ။ – အစာမျိုးစုံ အစာကိုမျိုးစုံစားပေးပါ။ အစာကို အမျိုးမျိုး စားပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စွမ်းအင်နဲ့အာဟာရလိုအပ်ချက်ကို ပြည့်မီစေပါတယ်။ – ဗီတာမင်နှင့် သတ္တုဓာတ်အားဆေး သံဓာတ်က သွေးအားနည်းရောဂါမဖြစ် အောင်ကာကွယ်ပါတယ်၊...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) – ကယ်လ်ဆီယမ် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ နှမ်းစေ့၊ ပဲပုပ်စေ့၊ ရုံးပတီသီး စတာတွေမှာ ကယ်လ်ဆီယမ် ဓာတ်ပါဝင်မှုများပါတယ်။ – ဗီတာမင် B6 ဗီတာမင် B6ကို သစ်ကြားသီး၊...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာသာမက ကလေးမွေးပြီးချိန်မှာပါ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းနေစေဖို့နဲ့ စိတ်သွားတိုင်းကိုယ်ပါစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။ (၁) သကြားနှင့် အဆင်သင့်ကာဗိုဟိုက်ဒရိတ်အစာ ကို တတ်နိုင်သမျှ လျှော့စားပါ သကြားနဲ့ အဆင်သင့် ကာဗိုဟိုက်ဒရိတ်အစာတွေ စားတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ...
ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ ကိုယ်ဝန်ဆောင်ချိန် ခါးမနာအောင် ဘယ်လို ဂရုစိုက်သင့်ပါသလဲ ဆရာ။ ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးအနေအထားက တစ်မျိုး ပြောင်းသွားတယ်၊ ပြီးတော့ ကိုယ်ဝန်နဲ့ဆိုတဲ့အတွက် အလေးချိန်တစ်ခုကို အမြဲမနေရသလို...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာ အစားအသောက်ကို ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင် အဓိက လိုအပ်တဲ့ အစားအသောက်တွေက သင့်တင့်မျှတတဲ့ အစားအသောက်တွေ ဖြစ်ရပါမယ်။ – ဖောလစ်အက်ဆစ် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူတွေက ဖောလစ်အက်ဆစ် ဆေးပြားကို ကြိုသောက်သင့်ပါတယ်။...