အစာအိမ်အက်စစ်တွေက အစာကြေညက်ဖို့အတွက် အလွန်အရေးပါပေမယ့် အထွက်မများသင့်ပါဘူး။ ပူစပ်တဲ့ အစာတွေကို ရှောင်တာက အစာအိမ်အက်စစ် အထွက်မများအောင် ထိန်းချုပ်နိုင်တဲ့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ အစာအိမ်အက်စစ် အထွက်မများစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ • အစာကို နည်းနည်းနဲ့ မကြာခဏ ပုံမှန်စားပေးပါ။ • ညဉ့်နက်တဲ့အချိန်မှာ...
—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊—– Q. ကျွန်မသမီးက အခု အသက် ၁၅ နှစ်ရှိပါပြီ။ ရာသီမလာသေးလို့ပါ။ မိန်းကလေးတွေက ဘယ်အရွယ်မှာ အပျိုဖော်ဝင်တတ်ပါသလဲ ဆရာ။ A. ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတွေ အပျိုစဖြစ်တဲ့အရွယ်ဟာ ပျမ်းမျှအားဖြင့် အသက်...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— ဦးခေါင်းကို ထိခိုက်ဒဏ်ရာရတာက စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီးရင် ပေါ့ပေါ့ဆဆနေလို့မရပါဘူး။ ဦးခေါင်းကို မတော်တဆထိခိုက်မိသွားလို့ ဦးခေါင်းအပြင်မှာ ပွန်းရာလေးတောင် မရှိဘဲနဲ့တောင်မှ အတွင်းမှာ ကြီးမားတဲ့ ဒဏ်ရာရနေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကို ထိခိုက်မိပြီဆိုတာနဲ့ သတိထားဖို့...
—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—– Q. သွေးတိုးရင် စိုးရိမ်ရပါသလား ဆရာ။ A. သွေးတိုးတိုင်း စိုးရိမ်ရလားဆိုတာမျိုး လူနာတွေက မကြာခဏ မေးလေ့ရှိပါတယ်။ သွေးတိုးတာနဲ့အတူ အသက်ရှူမဝတာ၊ မောတာ၊ နှလုံးထိခိုက်တာ၊ ရင်ဘတ်အောင့်တာ၊ သတိလစ်တာ၊...
ရေချိုးတဲ့အခါမှာ ချိုးလိုက်တဲ့ ရေနဲ့အတူ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ လွင့်ပါသွားတယ်လို့ တွေးကြည့်လိုက်ပါ။ အရေပြားပေါ်ကျလာတဲ့ ရေတွေကို ခံစားပြီး အာရုံစိုက်ပေးပါ။ ကိုယ်ပေါ်ကနေ စီးကျသွားတဲ့ ရေနဲ့အတူ အဆိုးမြင်အတွေးတွေ ပါသွားပြီလို့ တွေးပါ။ ဝမ်းနည်းမှု၊ နောင်တ၊ ဒေါသနဲ့ စိတ်ဓာတ်ကျဝေဒနာအားလုံးကို ရေနဲ့ဆေးချနိုင်လိုက်ပြီလို့...
—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—– အရေးပေါ်လူနာကို ကြည့်ရှုဖို့ တာဝန်ကျနေတဲ့ တစ်ညမှာ အိမ်လိုင်းဖုန်းခေါ်သံကြားရပါတယ်။ “ကျွန်တော်အရေးပေါ် ပြင်ပလူနာဌာနက လက်ထောက်ဆရာဝန်စိုင်မွန်ပါ ဒေါက်တာအုန်း။ လူနာတစ်ယောက်ကိစ္စ တိုင်ပင်ချင်လို့ပါ” “ရပါတယ်။ လူနာအခြေအနေက . . .” “လူနာက...
———၊ ဇွန် ၊——— လက္ခဏာတစ်ခုခုပေါ်လာရင် သူ့အလိုလို ပျောက်သွားမှာပါလို့ လူတွေက အများအားဖြင့် ယူဆထားတတ်ကြပေမယ့် အောက်ပါလက္ခဏာခြောက်ရပ် ပေါ်လာရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။ (၁) ပွန်းပဲ့ခြင်းနှင့် သွေးထွက်ခြင်း သင်က တစ်ခုခုနဲ့ ဆောင့်မိတာကြောင့် ပွန်းပဲ့ဒဏ်ရာရခဲ့ရင် တစ်ရက်ကျော်-နှစ်ရက်လောက်...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— နှုတ်ခမ်းတွေမှာ အာရုံကြောအမျှင် တစ်သန်းကျော်ရှိတာကြောင့် လက်ချောင်းထိပ်တွေထက်တောင် ထိသိခံစားမှုအား ပိုကောင်းပါတယ်။ နှုတ်ခမ်းသားဆိုတာ ကိုယ်တွင်းကျန်းမာရေးကို ထင်ဟပ်ပြသနေတဲ့ မှန်တစ်ချပ်ဖြစ်ပြီး အောက်ပါလက္ခဏာတွေရှိရင် သင့်မှာ ကျန်းမာရေးပြဿနာရှိနေပြီဆိုပြီး သတိထားသင့်ပါတယ်။ နှုတ်ခမ်းထောင့်တွင် အက်နေခြင်း တံတွေးတွေက နှုတ်ခမ်းထောင့်မှာ...
သင့်အနေနဲ့ ညဘက်မှာ အိပ်ပျော်ဖို့ ဒါမှမဟုတ် ကောင်းကောင်းအနားရဖို့ အခက်အခဲရှိနေရင် ခပ်နွေးနွေးရေနဲ့ ရေချိုးလိုက်ပါ။ ခပ်နွေးနွေးရေနဲ့ ရေချိုးတာကြောင့် အာရုံကြောစနစ်ကို သက်သာတည်ငြိမ်စေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို အပန်းပြေစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေကို သက်သာစေကာ အသားအရေအဖုအပိမ့် အနာအဆာတွေကို သက်သာစေပါတယ်။
———၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊——— လူနာကို ပြုစုစောင့်ရှောက်နေရချိန်မှာ စိတ်ရောကိုယ်ပါ ကြံ့ကြံ့ခံနိုင်တဲ့ ဒူပေနာပေအခံနိုင်ဆုံး လူတွေတောင်မှ ဖိစီးမှုဖြစ်ကာ ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ လူနာက အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းစတဲ့ နာတာရှည်ဝေဒနာတစ်မျိုး ခံစားနေရတဲ့ မိဘ ဒါမှမဟုတ် အိမ်ထောင်ဖက်ဖြစ်ခဲ့ရင်၊ မသန်စွမ်းတဲ့ ဆွေမျိုးရင်းချာတစ်ဦးဖြစ်ခဲ့ရင်...