၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) တစ်ချိန်လုံး ကျန်းမာရေးနဲ့အညီစားနိုင်ရင်တော့အကောင်းဆုံးပေါ့။ လူတွေက တစ်ခါတလေအဆင်သင့်အစာကို စားမိတတ်ကြပါတယ်။ တစ်ခါတစ်ရံ စားမိတဲ့ အဆင်သင့်အစာကြောင့် ဖြစ်တဲ့ ဆိုးကျိုးကိုလျော့ကျစေဖို့ ဖြေဆေးအနေနဲ့ စားရမယ့်အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဟော့ဒေါ့စားပြီးသည့်အခါ ဖြေဆေး- ဂေါ်ဖီချဉ် ဟော့ဒေါ့တွေက...
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. ဆီးချိုရောဂါရှိသူတွေက တစ်နေ့ကို ကစီဓာတ် ဘယ်လောက်ပမာဏ စားသင့်ပါသလဲ ဆရာမ။ ဖြေ. ဆီးချိုသွေးချိုရောဂါသည်တွေ အစာစားတဲ့အခါ ဆင်ဆင်ခြင်ခြင်စားနိုင်မှ ဆီးချိုကျမှာဖြစ်ပါတယ်။ အဓိက ကစီဓာတ်လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်ကိုပဲ လျှော့ပေးရပါမယ်။ အစားအသောက်မှာပါတဲ့...
၊ ငွေကြယ်စင်ယံ ၊ ဇင့်(သွပ်)ဓာတ်ဟာ အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာအတွက် အရေးပါတဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ဇင့်(သွပ်)ဓာတ်ဟာ ဆဲလ်ကြီးထွားမှု၊ ဆဲလ်ကွဲပြားမှုနဲ့ ဆဲလ်ခွဲခြားမှုမှာ အရေးပါပြီး ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေကာ အမြင်အာရုံ၊ မျိုးဆက်ပွားမှု၊ ပရိုတင်းတည်ဆောက်မှုနဲ့ တခြားဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. အချိုရည်တွေကို အလွန်အကျွံသောက်တာကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။ ဖြေ. ဒီနေ့ခေတ်မှာ အချိုရည်တွေကလည်း မျိုးစုံရှိနေပါတယ်။ ရာသီဥတုကလည်း ပူတဲ့အတွက် အချိုရည်အေးအေးလေးတွေကို အလွယ်တကူ သောက်ကြတယ်။ ကလေးတွေကလည်း အချိုရည်တွေကို ကြိုက်ကြတယ်။ အချိုရည်တွေက...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) အစားအစာတွေ တာရှည်ခံအောင်နဲ့ အရသာရှိအောင်ဆိုပြီး ဆားတွေကို ထည့်ထားတတ်ပါတယ်။ ဒါပေမဲ့ ဆားများလွန်းရင်တော့ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိတာကြောင့် ဆားကဲတဲ့ အစားအစာတွေကို ရှောင်သင့်တာရှောင်ပြီး လျှော့သင့်တာကို လျှော့စားပေးရပါမယ်။ – အဆင်သင့် ခေါက်ဆွဲခြောက် အီတလီခေါက်ဆွဲကိုစားတာက...
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ကျန်းမာရေးနဲ့ညီညွတ်တာဟာ လာဘ်ကြီးတစ်ပါးဖြစ်တာနဲ့အညီ ကျန်းမာမှ လုပ်ငန်းဆောင်တာတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာဖြစ်တာကြောင့် သင့်တင့်မျှတတဲ့ အစာအာဟာရတွေ မှီဝဲတာ၊ ကိုယ်လက်လှုပ်ရှားမှုရှိတာနဲ့ ရောဂါဘယတွေ ကင်းဝေးအောင် ပြုမှုနေထိုင်တာကို လိုက်နာရပါမယ်။ ရောဂါတွေကို ကူးစက်တတ်တဲ့ရောဂါနဲ့ ကူးစက်မဟုတ်တဲ့ရောဂါဆိုပြီး...
၊ လရိပ်မေ ၊ နှလုံးရောဂါအမောဖောက်ခြင်း (Heart attack) လို့ခေါ်တဲ့ ဒီရောဂါဟာ နှလုံးကြွက်သားတွေအနေနဲ့ သွေးနဲ့အာဟာရ လုံလောက်စွာမရတော့ဘဲ ပျက်စီးလာတာကြောင့် ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်။ နှလုံးရောဂါထတာက မျှော်လင့်မထားဘဲ ရုတ်တရက်သေဆုံးမှု အဖြစ်စေနိုင်ဆုံး ရောဂါဖြစ်တာကြောင့် နှလုံးရောဂါတစ်ကြိမ် အမောဖောက်ဖူးသူတွေအနေနဲ့ အထူးဂရုစိုက်ဖို့...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ဂျပန်လူမျိုးတွေက ဘဝသက်တမ်းအရှည်ဆုံး လူမျိုးဖြစ်တယ်လို့ စံချိန်ချိုးပါတယ်။ ဒါ့အပြင် ဂျပန်လူမျိုး ၃ ရာခိုင်နှုန်းကသာ အဝလွန်နေတာကြောင့် ကမ္ဘာပေါ်မှာ သွယ်လျသူအများဆုံး နိုင်ငံအဖြစ်လည်း အသိအမှတ်ပြုထားကြပါတယ်။ ဒါကတော့ အာဟာရကြောင့်ဖြစ်ပါသတဲ့။ ဂျပန်လူမျိုးတွေ ဘယ်လိုစားသောက်နေနိုင်ထိုင်သလဲဆိုတာ အတုယူနိုင်ဖို့...
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ဗိုက်အဆီများနေသူတွေက ဘာစားသင့်သလဲ၊ ဘာရှောင်ရမလဲဆိုတာ အမေးများပါတယ်။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဗိုက်အဆီများနေရင် ရှောင်ရမယ့် အစာတွေကို အဓိက အကြံပေးချင်ပါတယ်။ (၁) အကြော်မျိုးစုံ ဘယာကြော်၊ ပဲကြော်၊ ဘူးသီးကြော် စတဲ့...
နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေဟာ ကျန်းမာရေးအတွက် အထူးကို အရေးပါလှပါတယ်။ ဒါကြောင့် အစားအစာဟာလူတွေအတွက် ဆေးဝါးတစ်လက်လိုပဲ အစွမ်းထက်ကြောင်းဆိုခဲ့ကြတာပါ။ လေ့လာမှုအရ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကို စားသုံးတာက နှလုံးရောဂါအန္တရာယ်ကို ၂၅ရာခိုင်နှုန်း၊ လေဖြတ်ခြင်း အန္တရာယ်ကို ၃၇ ရာခိုင်နှုန်း၊ ဆီးချိုသွေးချိုရောဂါအန္တရာယ်ကို ၂၀-၂၇ ရာခိုင်နှုန်း၊...