မေး ။ နာတာရှည်ရောဂါရှိသူတွေအတွက် တုပ်ကွေးပိုး ကာကွယ်ရေးမှာ ဘယ်လို အချက်တွေကို အထူးလိုက်နာသင့်ပါသလဲ ဆရာ။ ဦးလှထွန်း၊ ဒေါပုံ။ ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။ ဖြေ ။ ပြင်ပ ကူးစက်ပိုးတစ်ခုခု ဝင်လာရင်...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆီးချိုသွေးချိုရောဂါရှိသူတွေအဖို့ ယခုတလောမှာ လူအများကြောက်ရွံနေကြရတဲ့ တုပ်ကွေးရောဂါကို ဘယ်လိုအထူးသတိပြုရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။ တုပ်ကွေးရောဂါဖြစ်တဲ့လူနာတွေကို ရာသီရောက်တိုင်း နှစ်စဉ်တွေ့နေကျဖြစ်ပါတယ်။ တုပ်ကွေးဖြစ်တဲ့ လူနာတွေကို တုပ်ကွေးလေးပါပဲ၊ ဘာမှ စိတ်မပူပါနဲ့။ တခြားပိုးတွေဝင်တာလောက် မစိုးရိမ်ရပါဘူး။ သုံးရက်အလွန်ဆုံးဖျားပြီးရင် သူသဘောသူဆောင်ပြီး၊ ကိုယ်ခံအားနဲ့ပြန်တိုက်ထုတ်လိုက်လို့ ပျောက်သွားတာ...
မေး ။ အရက်သောက်သူ၊ ကြက်သွန်ဖြူအစိမ်းစားသူ၊ ကိုယ်ခံအားကောင်းသူ၊ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်သူတွေက ရာသီတုပ်ကွေးရောဂါကူးစက်ခံရမှု မရှိနိုင်ဆိုတာမှန်ပါသလား။ Cho Win Tun (Fb) ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှပြန်လည်ဖြေကြားပေးပါသည် ။ ဖြေ ။ သိပ္ပံနည်းကျလေ့လာမှုတွေအရ အရက်သောက်ထားသူက H1N1...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ကိုယ်ခံအားစနစ်ကျဆင်းတာကနှစ်မျိုးရှိပါတယ်။ (၁) ရောဂါကြောင့် ကိုယ်ခံအားစနစ်ကျဆင်းတာနဲ့ (၂) အလုပ်များပြီး အစာကောင်းကောင်းမစား၊ အနားမယူတာကြောင့် ကိုယ်ခံအားစနစ်ကျတာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ရောဂါကြောင့် ဆိုရင်တော့ အဲဒီရောဂါကို ကုရမှာပါ။ ရောဂါကြောင့် မဟုတ်ဘဲ အနေအထိုင်၊...
ဒီအချိန်မှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကာကွယ်နိုင်ဖို့အရေးပါတဲ့ အစာတွေက သင့်လက်တစ်ကမ်းမှာ ရှိနေပါတယ်။ (၁) ကြက်သွန်ဖြူ အနံ့ပြင်းတဲ့ ဒီစူပါအစာက တုပ်ကွေးတွန်းလှန်နိုင်စွမ်း ရှိပါတယ်။ ကြက်သွန်ဖြူမှာ အယ်လီယွန်နဲ့ အယ်လီစင်လို့ခေါ်တဲ့ဒြပ်ပေါင်းတွေပါဝင်ကာ ဗိုင်းရပ်စ်ပိုးတွေကိုဆန့်ကျင်ပေးပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မိတဲ့အခါ ကြက်သွန်ဖြူက အဲဒီပိုးတွေကို ဖျက်ဆီးတွန်းလှန်ပေးပါတယ်။ တုပ်ကွေးတွန်းလှန်နိုင်ဖို့...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ရာသီအကူးအပြောင်းကာလတွေမှာ ဘယ်လိုရောဂါဝေဒနာတွေ ဖြစ်တတ်ပါသလဲဆရာ။ ဖြေ. ရာသီအကူးအပြောင်းကာလတွေမှာ အဖြစ်များတဲ့ ရောဂါက တုပ်ကွေးဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ရင်ကျပ်ပန်းနာရှိရင် ပိုဖြစ်တတ်ပါတယ်။ ရာသီအကူးအပြောင်းကာလတွေမှာ ဖျားတာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖျားတာဆိုရင်...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) တုပ်ကွေးက တစ်နှစ်ပတ်လုံး ဘယ်အချိန်မှာမဆိုဖြစ်နိုင်ပြီး ပြင်းထန်မှု အနည်းအများပေါ်မူတည်ကာ နှာချေတာ၊ ချမ်းတုန်တာ၊ ဖျားတာ၊ ကိုယ်လက် ကိုက်ခဲတာ၊ တစ်ကိုယ်လုံးညောင်းညာတာ စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ တုပ်ကွေးဝေဒနာသက်သာစေဖို့ လူအများစုက ဆေးဝါးတွေ မှီဝဲကြရပါတယ်။...
၊ ငွေကြယ်စင်ယံ ၊ – လိမ္မော်ရည်သောက်ပါ နေ့စဉ်နေ့တိုင်း နံနက်စာအဖြစ် လိမ္မော်ရည်တစ်ခွက်သောက်ပေးရင် အအေးမိဝေဒနာနဲ့ တုပ်ကွေးဖြစ်နိုင်ခြေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ – ယူကလစ်ဆီ သုံးပါ ယူကလစ်ဆီက ပိုးသေစေတဲ့ အစွမ်းရှိတာကြောင့် ချောင်းဆိုးတာကို သက်သာစေသလို လေပြွန်ရောင်ရမ်းမှုကိုတောင် တွန်းလှန်ပေးနိုင်ပါတယ်။...
၊ ငွေကြယ်စင်ယံ ၊ အလုပ်တွေ လုပ်နေရင်း အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေလို နာမကျန်းမှုတစ်ခုခု ဖြစ်လာခဲ့ ရင်ကျန်းမာရေး အမြန်ကောင်းလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ – ကောင်းကောင်း အနားယူပါ သင့်ကျန်းမာရေး ချက်ချင်းပြန်ကောင်းလာစေဖို့ အကောင်းဆုံးနည်းက လိုအပ်တဲ့အချိန်မှာ တစ်ရက်လောက်...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့နဲ့ တခြားသူဆီ တုပ်ကွေးရောဂါ ကူးစက်မှုမဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ (၁) နီးနီးကပ်ကပ် ထိတွေ့မှုကိုရှောင်ပါ နာမကျန်းဖြစ်နေသူနဲ့ နီးနီးကပ်ကပ် ထိတွေ့မှုမလုပ်ပါနဲ့။ တုပ်ကွေး၊ အအေးမိဝေဒနာဖြစ်ပြီး နေမကောင်းဖြစ်တဲ့အခါ တခြားသူတွေနဲ့ ဝေးဝေးမှာနေပေးပါ။...